ကျားဖြူပါတီ သျှမ်းပြည်အစိုးရ ဖြစ်ရန် ရည်မှန်းထား

ကျားဖြူပါတီ သျှမ်းပြည်အစိုးရ ဖြစ်ရန် ရည်မှန်းထား

နန်းဆိုင်ဖူး — လာမည့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲ၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အနေဖြင့် သျှမ်းပြည်အစိုးရ ဖြစ်ရန်ရည်မှန်းထားကြောင်းပါတီ ဥက္ကဌ ကပြောသည်။

ဇူလိုင် (၁၆) ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပသည့် ကျားဖြူပါတီ၏ (၁၇) ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်အဖွဲမှ ၂၀၂၀ ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါတီဥက္ကဌ စိုင်းအိုက်ပေါင်း ကပြောကြားလိုက်သည်။

“သျှမ်းပြည်နယ် အစိုးရဖြစ်ဖို့ ရည်ရွယ်ထားတယ်။ ၂၀၁၅ ရွေးကောက်ပွဲက မဖြစ်လည်း ဒီ ၂၀၂၀ ရွေးကောက်ပွဲတော့ ဖြစ်တော့မှာ ယုံကြည်ထားတယ်” ဟု စိုင်းအိုက်ပေါင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျားဖြူပါတီသည် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား ပါတီ (၁၁) ပါတီ နှင့် မဟာမိတ်ဖြစ်ထားပြီး ပြည်နယ် လွှတ်တော်နေရာမှာ (၃၀) ကျော် အနိုင်ရလျှင် မဟာမိတ် နှင့် ပူးပေါင်းပြီး သျှမ်းပြည်အစိုးရ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း စိုင်းအိုက်ပေါင်း ကပြောသည်။

“မဟာမိတ်တွေ လုပ်ထားတာ ၁၁ ပါတီရှိတယ်။ ဒါတွေကို လာပူးပေါင်းပြီးတော့ သျှမ်းပြည်အစိုးရ ဖွဲ့စည်းလို့ရတယ်။ ယုံကြည်မှုက (၁၀၀) ရာခိုင်နှုန်းပဲ။ မယုံကြည်ရင် နိုင်ငံရေး လာမလုပ်မလား” ဟု စိုင်းအိုက်ပေါင်း ကပြောသည်။

SNDP အနေဖြင့် သျှမ်းပြည်အစိုးရ ဖြစ်ပါက ပညာရေး၊ လူမှုရေး စီးပွားရေး တိုးတက်အောင် ပြုလုပ်ပေးမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးမည်ဟု စိုင်းအိုက်ပေါင်း က ပြောသည်။

“ လူဆိုတာ ချမ်းသာလာရင် စီးပွားရေး ကောင်းလာရင် ဘယ်ဆေးကောင်းလည်း ဆိုတာ ဝယ်စားတက်လာမယ်။ ရောဂါ လည်း လျော့နည်းသွားမယ်။ သျှမ်းတိုင်းရင်းသားတွေ ကြီးပွားချမ်းသာအောင် လုပ်ပေးမယ်” ဟု စိုင်းအိုက်ပေါင်း က ဆိုသည်။

ကျားဖြူပါတီသည် ၂၀၁၀ ရွေးကော်ပွဲတွင် ဝန်ကြီးနေရာ ၆ နေရာ အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ် လွှတ်တော်အမတ် ၁ နေရာသာ ရခဲ့သည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...