SNLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်

SNLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ သျှမ်းပြည်အတွင်းရှိ မြို့နယ် များတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုတွင် သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြိ့ မွေတော်ကျောင်းတိုက်တွင် ဇူလိုင် ၁၂ရက် မွန်းလွှဲ ၁နာရီ မှ ၃နာရီထိ ကျင်းပခဲ့ပြီး၊ SNLD ပါတီ၏ မိုင်းပန်မြို့နယ်ဥက္ကဌ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မိုင်းပန် မြို့နယ် ပြည်သူ့လွှတ်တော်တွင်ယှဉ်ပြိုင်ရန်အတွက် မြို့နယ်ဥက္ကဌ စိုင်းကျော်ခိုင်၊ စိုင်းအောင်ထွန်း ၊ စိုင်းမင်းဇော်ဦး တို့ကလည်းကောင်း၊ ပြည်နယ် ၂ နေရာအတွက်တော့ စိုင်းခမ်းဆိုင်ဟိန်း(စိုင်းကြီးကို) ၊ စိုင်းဆာမ်ကျောက်ဆိုင်(စိုင်းတော်) တို့ကလည်းကောင်း ပြည်နယ် ၁ အတွက် စိုင်းကျော်ကျော်လှိုင်၊ ဆရာမ ဒေါ်နန်းသန်းတင် တို့ကလည်းကောင်း အသီးသီးပြိုင်ကြကြောင်း မိုင်းပန်ဒေသခံ စိုင်းခေးက သျှမ်းသံတော်ဆင့်အားပြောသည်။

‘‘ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် SNLD ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော်အမတ်လောင်းက စိုင်းကျော်ခိုင် ၊ ပြည်နယ် ၁ က စိုင်းဆာမ်ကျောက်ဆိုင်နဲ့ ပြည်နယ် ၂ က ဆရာ နန်းသန်းတင်တို့ အသီးသီးအနိုင်ရထားပါတယ်’’ – ဟုပြောသည်။

မိုင်းပန်မြို့တွင် ယခင် ၂၀၁၅ ရွေးကောက်ပွဲက ကျားဖြူပါတီ SNDP မှစိုင်းနောင့်က ပြည်နယ်လွှတ်တော်အမတ် နေရာမှလွဲ၍ ကျန်နေရာများတွင် ကြံ့ခိုင်ရေးပါတီမှ အနိုင်ရရှိခဲ့ပါသည်။

အလားတူ မိုင်းကိုင်၊ လဲချားမြို့နှင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း ၊ မူစယ်၊ သီပေါ တို့တွင်လည်း SNLD ၏ လွှတ်တော်အမတ်လောင်းများ ရွေးချယ်ခဲ့ကြကြောင်းသိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဥက္ကဌမှာ ခွန်ထွန်းဦးဖြစ်ပါသည်။ ၁၉၉၀ ခုနှစ်ပါတီစုံရွေးကောက်ပွဲတွင် သျှမ်းပြည်တဝှမ်းမဲအများဆုံးဖြင့်အနိုင်ရခဲ့ပြီး မြန်မာနိုင်ငံတဝှမ်းတွင်မူ ဒုတိယမဲအများဆုံးရရှိခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် SNLD မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်မူ လွှတ်တော်အတွင်း ၄၆ နေရာအနိုင်ရခဲ့ပြီး သျှမ်းပြည်တွင်တတိယမဲအများဆုံးရရှိခဲ့သည်။

January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...