ရခိုင်အကြံပေးကော်မရှင်အဖွဲ့ ကြားဖြတ်အစီရင်ခံစာ မကြာမီတင်သွင်းနိုင်မည်

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ ကြားဖြတ်အစီရင်ခံစာ မကြာမီတင်သွင်းနိုင်မည်
by -
မဇ္ဈိမ
ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့၏ ကြားဖြတ်အစီရင်ခံစာကို မကြာမီ အချိန်အတွင်း နိုင်ငံတော်သမ္မတထံသို့ တင်သွင်းနိုင်တော့မည်ဖြစ်ကြောင်း   ကော်မရှင်အဖွဲ့ဝင်များထံမှ သိရှိရသည်။

အစီရင်ခံစာ တင်သွင်းနိုင်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ ကော်မရှင်အဖွဲ့ဝင်များ အပါအဝင် ပြင်ပအဖွဲ့ အစည်းများနှင့် တစ်ပတ်အကြာ သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကော်မရှင်၏ တွေ့ရှိချက်များဖြင့် ရခိုင်ပြည်သူများ၏ လူမှုဘဝ တိုးတက်လာရေးနှင့် ဆူပူမှုများနောက်ထပ် မဖြစ်ပေါ်ရေးကို အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအေးလွင်က ဆိုသည်။

“အစီရင်ခံစာက မကြာခင် အချိန်အတွင်းမှာ တင်ပြသွားမှာပါ။ ပြည်သူတွေ သိရှိအောင်လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာပါ။ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ဖို့ဆိုတာကာ တည်ငြိမ်အေးချမ်းဖို့လည်း လိုတယ်လေ။ တည်ငြိမ်အေးချမ်းဖို့အတွက် အကောင်းဆုံး နှစ်ဦးနှစ်ဘက် ကျေလည်ဖို့၊ အာဃာတတွေ အငြိုးအတေးတွေ ဘာမှမရှိဘဲ နှစ်ဦး နှစ်ဘက် ပြေပြေလည်ဖြစ်ဖို့ အကောင်းဆုံးအကြံ ညာဏ်ပေးဖို့လိုပါတယ်။ ဘယ်သူမှ မနှစ်နာအောင် တရားမျှတစွာ ပြေလည်အေးချမ်း သွားပြီးဆိုရင် တိုးတက်အောင် ဘယ်လိုလုပ်သင်သလဲပေါ့”ဟု ဦးအေးလွင်ကပြောသည်။

ဒေသ၏ စွမ်းအင်အရင်းအမြစ်များအဖြစ် လူစွမ်းအင်၊ သဘာဝသယံဇာတ ပေါကြွယ်ဝမှုများရှိပြီး အခွင့်အလမ်းများ ရရှိပါက တိုးတက်လာမည်ဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခများထပ်မံမပေါ်ပေါက်ရေး တို့အတွက် အစိုးရအနေနှင့် မည့်သည့်နည်းလမ်းဖြင့် ဆောင်ရွက်လျှင် အကောင်းဆုံးဖြစ်မည် ဆိုသည့်အကြံပြုချက် များကိုပါ ထည့်သွင်းနိုင်ဖို့ ဆွေးနွေးခဲ့ကြောင်း ဦးအေးလွင်ကပြောသည်။

ယခုတင်သွင်းမည့်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သော ကြားဖြတ်အစီရင်ခံစာသာဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို ကော်မရှင်အဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လမကုန်မီ တင်သွင်းနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...