မောင်တောခရိုင်တွင် ငါးဖမ်းစက်လှေများ မှတ်ပုံတင်ခြင်းဆောင်ရွက်မှု ရာနူန်းပြည့်ပြီးစီး

မောင်တောခရိုင်တွင် ငါးဖမ်းစက်လှေများ မှတ်ပုံတင်ခြင်းဆောင်ရွက်မှု ရာနူန်းပြည့်ပြီးစီး
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသအတွင်း ပင်လယ်ပြင်လုံခြုံရေးအတွက် ငါးဖမ်းလှေများအား တရားဝင်မှတ်ပုံတင်များ ထုတ်ပေးမှု ဆောင်ရွက်လျက်ရှိရာ မတ်လပထမအပတ်တွင် ရာနှုန်းပြည့် ပြီးစီးကြောင်း မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါစက်လှေများကို ဇန်နဝါရီ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးနေခြင်းဖြစ်ပြီး စက်တပ်လှေစုစုပေါင်း ၁၅၇ စီးနှင့် စက်မဲ့ယာဉ် ၁၃၈၂ စီးတို့အား မှတ်ပုံတင်ပြုလုပ်ပြီးစီးခဲ့ကြောင်း မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းသိန်းက ဆိုသည်။

“ငါးဖမ်းလှေတွေ အကုန်လုံးကို မှတ်ပုံတင် လုပ်ပြီးသွားပါပြီ။ နောက်ထပ် ဒီဒေသမှာ မှတ်ပုံတင်ရမယ့် ငါးဖမ်းစက်လှေတွေ မရှိတော့ပါဘူး။ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ငါးဖမ်းရာသီမှာ ငါးဖမ်းခွင့် ပင်လယ်ထွက်ခွင့် ပိတ်ပင်လိုက်ရတာတော့ ရှိခဲ့ပါတယ်။ အခုပြန်ပြီး လုပ်ငန်းစနေကြပါပြီ”ဟု ၎င်းက ပြောသည်။

လိုင်စင်ထုတ်ပေးထားသည့် ငါးဖမ်းလှေများအား ပင်လယ်ပြင်သို့ မထွက်မီ လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များ အပါအဝင် သက်ဆိုင်ရာဌာနများမှ မှတ်ပုံတင်အချက်အလက်များကို စစ်ဆေးခံပြီး ခိုင်လုံမှုရှိမှသာ ပင်လယ်ပြင်သို့ ဝင်ထွက်ခွင့် ပြုနေခြင်းလည်း ဖြစ်သည်။

မှတ်ပုံတင် ထုတ်ပေးထားသည့် ငါးဖမ်းလှေများတွင် အစိမ်းရောင် အဏုမြူရောင်ပြန်ဆေး သုတ်ထားပြီး ကြက်လျှာစွန်း အဝါရောင်အလံနှင့် နှစ်နိုင်ငံနယ်စပ် ပင်လယ်ပြင်အတွင်း မြန်မာနိုင်ငံအလံကို အမြဲလွှင့်ထူရန် စသည့်စည်းကမ်းများ သတ်မှတ်ထားရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...