လောက်ကိုင်မြို့ကို မြောက်ပိုင်းမဟာမိတ်ဆုံးဖြတ်ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆို

လောက်ကိုင်မြို့ကို မြောက်ပိုင်းမဟာမိတ်ဆုံးဖြတ်ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆို
by -
မဇ္ဈိမ
တပ်မတော်ဘက်မှ ထိုးစစ်များကြောင့် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို မြောက်ပိုင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဆုံးဖြတ်ချက်ဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တအောင်း/ ပလောင်အဖွဲ့ အတွင်းရေးမှူး မိုင်းဘုန်းကျော်က မတ်လ ၆ ရက်တွင် ပြောဆိုလိုက်သည်။

လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းအား မတ်လ ၆ ရက်၊ နံနက် ၂ နာရီတွင် ကိုးကန့်အဖွဲ့ (MNDAA) မှ အင်အား ၃၀ ခန့်က ရဲဝတ်စုံများ ဝတ်ဆင်အယောင်ဆောင်ကာ စခန်း၏ တောင်ဘက်မှဝင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

တောထဲရှိ မြောက်ပိုင်းစခန်းများအား တပ်မတော်မှ တိုက်ခိုက်ခဲ့ပြီးနောက် မြို့ထဲအား ၎င်းတို့သဘော နှင့် ၀င်ရောက်ခြင်းဖြစ်သည်ဟု တအောင်း/ ပလောင်အဖွဲ့ အတွင်းရေးမှူး မိုင်းဘုန်း ကျော်က ပြောသည်။

“MNDAA ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲကပါ။ အဲ့ဒီမှာလှုပ်ရှားတာတော့ တပ်ဖွဲ့အသီးသီး တွေ မြောက်ပိုင်းမဟာမိတ် ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်နေတာဖြစ်ပါတယ်။ MNDAA တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ မြောက်ပိုင်းမှာ ရှိတဲ့စခန်းတွေကို ပျောက်ကြားစခန်းတွေကို တောထဲကို တပ်မတော်က ထိုးစစ်တွေအများကြီးဆင်လာတယ်။ မြို့ထဲကို ၀င်တာကတော့ ကျွန်တော်တို့ သဘောနဲ့ ကျွန်တာ်တို့ ၀င်တာဖြစ်ပါတယ်” ဟု တအောင်း/ ပလောင်အဖွဲ့ အတွင်းရေးမှူး မိုင်းဘုန်း ကျော်က ပြောဆိုသည်။

အဆိုပါ တိုက်ပွဲကြောင့် လောက်ကိုင်မြို့ ဒေသခံအတော်များများမှာ ရှမ်းပြည်နယ် လားရှိုးနှင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း အမည်မဖော်လိုသူ လောက်ကိုင် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်ချိန်အထိ အ.မ.က (လောင်အဲချီ) မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများရှိနေပြီး မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦးနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးအား ကိုးကန့့်အဖွဲ့မှ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြပါရှိသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းနှင့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းတွင် ပြုလုပ်ခဲ့သည့် အပစ်ရပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ  NCA အပစ်ရပ်မထိုးရန် ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့အပြီးတွင် တပ်မတော်နှင့်တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ကြောင်း မိုင်းဘုန်းကျော်က ဆိုသည်။

“ ဒီဇင်ဘာလနောက်ပိုင်းဆို တော်တော် ပြင်းလာပါတယ်။ အဲဒါတွေ ယုတ်လျော့သွားခြင်းမရှိဘူး။ အဲ့အတွက်ကြောင့် အခုလို ဒီလမ်းမကြီးဖက်တို့ မြို့တွေနေရာတို့ ကျွန်တော်တို့က ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု မိုင်းဘုန်းကျော်က ပြောဆိုသည်။

မတ်လ ၆ ရက်နံနက် ပိုင်းကစတင်ပြီး လောက်ကိုင်မြို့ထဲတွင် တိုက်ပွဲများ အဓိကဖြစ်ပွားနေခြင်း ဖြစ်သည်။

MNDAA အင်အား ၅၀ ခန့် မှကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား လာရောက်ပစ်ခတ်ပြီး ၂ နာရီခွဲ အချိန်ခန့်တွင် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကာ နံနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP-127 သို့ ထွက်ခွာသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော််မတီမှ သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...