တောင်ကြီး ရဲတပ်ဖွဲ့ဝင် ၂ဦးထံ မူးယစ်ဆေးမိ

တောင်ကြီး ရဲတပ်ဖွဲ့ဝင် ၂ဦးထံ မူးယစ်ဆေးမိ

နန်းဆိုင်ဖူး - သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးထံ စိတ်ကြွဆေးပြား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် ၇ ရက် ညပိုင်းတွင် ရပ်ကွက်နေ ပြည်သူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ရပ်ကွက်တွင်း ကင်းလှည့်စဉ် ရဲဘော် ၂ ဦး ထံ WY စိတ်ကြွဆေးပြား ၉ ပြား ဖမ်းဆီးရမိကြောင်း ရွှေတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ရပ်ကွက်ထဲ ဝင်လာတဲ့သူ တွေကို ကျနော်တို့ အားလုံး စစ်ဆေးပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့ဝင် ၅ ဦး မှာ ၂ ဦးဆီက စိတ်ကြွဆေးပြား ၉ ပြား ဖမ်းဆီးရမိပါတယ်။” ဟု ဦးသန်းအောင် က ပြောသည်။

ရွှေတောင် ရပ်ကွက်တွင် မူးယစ်ဆးဝါး ရောင်းဝယ်သူများပြားသည့်အတွက် ရပ်ကွက်ထဲက ပြည်သူများနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးကင်းစင်အောင် ဆောင်ရွက်နေကြောင်းလည်း ဦးသန်းအောင် ကပြောသည်။

စိတ်ကြွဆေးပြားဖမ်းဆီးရမိသည့် ရဲဘော် ၂ ဦး ကို ယခုမှာ တောင်ကြီးမြို့မ ရဲစခန်းမှာ ဖမ်းဆီး ရေးယူထားကြောင်း သိရသည်။

“ သူတို့ကို ဖမ်းမိတုန်းက တစ်ယောက်က ယူနီဖောင်း အပြည့်မဝတ်ထားဘူး။ ကျန်တဲ့တစ်ယောက်က ပုဆိုး ဝတ်ထားတယ်။” ဦးသန်းအောင် ကဆိုသည်။

ရွှေတောင်ရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းသည့်သူမှာ ရဲတပ်ဖွဲ့ဝင်များ နှင့် ပတ်သက်မှု ရှိနေသည့်အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စီမံချက် ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်း ကပြောဆိုသည်။

တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု ပိုမိုများလာသဖြင့် တောင်ကြီးခရိုင်ရပ်တပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ရပ်ကွက်နေပြည်သူများ နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မူးယစ်ဆေးဝါး ဖမ်းဆီးရေး ဆောင်ရွက်နေကြာင်း သိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...