မိုင်းယောင်းနယ်မြေခံတပ် ဗိုလ်မှူး နှင့် တပ်ကြပ်ထံ မူးယစ်ဆေးမိ

မိုင်းယောင်းနယ်မြေခံတပ် ဗိုလ်မှူး နှင့် တပ်ကြပ်ထံ မူးယစ်ဆေးမိ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းနယ်မြေခံတပ်မှ ဗိုလ်မှူး နှင့် တပ်ကြပ် တို့မောင်းလာသည့်ကားပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၅ရက် ညနေပိုင်းတွင် မိုင်းယောင်းနယ်မြေခံ ဗိုလ်မှူး ထွန်းလင်းအောင် မောင်းနှင်းလာပြီး တပ်ကြပ် နိုင်စိုးလိုက်ပါလာသည့် ကားကို တာချီလိတ်မြို့ မဲခေါင်ရပ်ကွက် တွင် စစ်ဆေးရာ ကားနောက်ခန်းတွင်း ဆာလာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၂၁၉ ,၈၀၀)ပြားကို တွေ့ရှိခဲ့ကြောင်း တာချီလိတ်ရဲတပ်ဖွဲ့ မှ စုံစမ်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ဗိုလ်မှူး နှင့် တပ်ကြပ်ကြီးကို တာချီလိတ်မြို့မ ရဲစခန်း တွင် မယ(ပ)၈၃/ ၂၀ ၊ မူး/ယစ် ပုဒ်မ ၁၉ (က) /၂၁ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

ထိုနည်းတူ ဇူလိုင် ၃ရက် ညနေ ၄နာရီ တွင်လည်း တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ တွင် ကျပ်သိန်း ၃၄၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၄ရက်နေ့ မနက် ၁၁နာရီခွဲတွင်လည်း သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လိန်းလီကြိုးတံတားတွင် စိတ်ကြွဆေး ဒေသ ကာလပေါက်ဈေး ကျပ်သိန်း (၁၄၉ ၈၅)သိန်း နှင့် ICE ကျပ်တန်ဖိုး ( ၁၂၅၀) သိန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...