အစိုးရလုပ်ငန်းလုပ်ဆောင်မှုတွေမှာ ဝန်ကြီးချုပ်တာဝန်ခံဖို့ သတိပြုစေလိုတယ်လို့ တိုက်တွန်းလိုက်တဲ့ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီအဖွဲ့ဝင်နှင့် တွေ့ဆုံမေးမြန်းခြင်း

အစိုးရလုပ်ငန်းလုပ်ဆောင်မှုတွေမှာ ဝန်ကြီးချုပ်တာဝန်ခံဖို့ သတိပြုစေလိုတယ်လို့ တိုက်တွန်းလိုက်တဲ့ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီအဖွဲ့ဝင်နှင့် တွေ့ဆုံမေးမြန်းခြင်း

အန်ထောနီ — ကယားပြည်နယ် စာရင်းစစ်ချုပ်ရဲ့ ၂၀၁၈ ခုနှစ် ၊ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လဘတ်ဂျက် အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီက ၎င်းတို့ကော်မတီရဲ့ စိစစ်တွေ့ရှိချက် တွေကို ဇွန်လ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားခဲ့ကြပါတယ်။

တွေ့ရှိချက်တွေနဲ့ပါတ်သက်လို့ ၎င်းကော်မတီအဖွဲ့ဝင် ဦးခင်မောင်ထွန်း(နော်အီး)က ဝန်ကြီးဌာနတွေရဲ့ စီမံကိန်းလုပ်ငန်းတွေမှာ ဥပဒေစည်းကမ်းချိုးဖောက်မှုတွေ အတွက် တာဝန်ရှိသူမှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တယ်ဆိုပြီး ဒါတွေကို ဝန်ကြီးချုပ်ကနေ သတိပြုစေလိုတဲ့အကြောင်း လွှတ်တော်အစည်းအဝေးမှာ ထောက်ပြပြောဆိုဆွေးနွေးခဲ့ပါတယ်။

အသုံးစရိတ်ငွေသုံးစွဲရာမှာလည်း ပြည်သူတို့အတွက် အမှန်တကယ်လိုအပ်တဲ့ အသုံးစရိတ်တွေ ဖြစ်ဖို့နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအသုံးပြုကြဖို့ကိုလည်း ပြည်နယ်လွှတ်တော်ထဲမှာ ဦးခင်မောင်ထွန်း(နော်အီး) က တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးခဲ့တာနဲ့ပါတ်သက်လို့ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့ အဖွဲ့ဝင်လည်းဖြစ် ဖရူဆိုမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးခင်မောင်ထွန်း(နော်အီး)ကို တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

မေး ။ ။ အစိုးရရဲ့ လုပ်ငန်းလေးနှစ်တာလုပ်ငန်းတွေ့ရှိချက်အရ အစိုးရတာဝန်ယူမှု အပိုင်းတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ လုပ်ငန်းလုပ်တဲ့အချိန်မှာ လွဲတာတော်တော်များတယ် အဲ့လိုဖြစ်နေတာ ဆိုတော့ခုနကဆေးခန်းလိုမျိုးပေါ့။ ကျေးလက်ကျန်းမာရေးကလုပ်ရမယ့်ဟာကို ဒါကဘယ်သူ့မှာတာဝန်ရှိလဲ ဝန်ကြီးချုပ်ကသူ့လက်အောက်ငယ်သားကိုတော့ နည်းနည်းပါးပါးပြောပေးဖို့လိုတယ်။ ဒါကသူ့မှာတာဝန်အပြည့်အဝရှိပါတယ် အာဏာလည်းပေးထားတယ် ဆိုတော့သူ့မှာအကြီးဆုံးတာဝန်ရှိပါတယ်။

မေး။ ။ဘတ်ဂျက်တွေကို သေချာမစီစစ်ပဲနှင့် လုပ်ငန်းလုပ်ခါနီးမှ အတင်းထိုးတဲ့အပေါ်မှာ သေချာပြန်ပြောပြပေးပါအုံး။

ဖြေ။ ။ကျနော်တို့အတင်းထိုးထည့်တယ်ဆိုသာ သူတို့ကြိုတင် plan မရှိဘူးပေါ့နော် ဥပမာလုပ်ငန်းတစ်ခုဆောင်ရွက်မယ်ဆိုရင် ကွင်းဆင်းရမယ်။ မလုပ်ခင်မှာကွင်းဆင်းမှပဲ အတိုင်းအထွာသေချာမှသာလျင်သူတို့တင်သွင်းရမှာ ဒါပေမယ့် အဲ့လိုဘတ်ဂျက်နီးခါနီးမှ ဥပမာဒီလမ်းလိုတယ်ဆိုပြီးတော့မှ ချက်ချင်းလုပ်တော့ သူ့ဟာအတိုင်းအထွာလည်းမမှန်တော့ဘူး။ သူတို့ကဘတ်ဂျက်နီးမှထည့်တော့ ဒီလမ်းကဘယ်နမိုင်ရှိလဲ ဘယ်မနှစ်ပေရှိလဲသူတို့မသိကျတော့ တွက်ချက်မှုတစ်အားလွဲသွားတယ်။ တစ်ချို့ကပိုတယ် တစ်ချို့ကလိုတယ်အဲ့သလိုဖြစ်တယ် အဲ့ဒါကြောင့်မို့ ကြိုတင်ပြင်ဆင်မယ်ဆိုရင် ဒီလောက်ထိအလေအလွင့်မဖြစ်ဘူးပေါနော် ကျနော်တို့ဘဏ်ဏ္ဍာငွေက။

မေး။ ။ ဘာကြောင့်တင်ဒါလုပ်ငန်းတွေ အရည်အသွေးမရှိတာလဲ။

ဖြေ။ ။ တင်ဒါလုပ်ငန်းတွေအရည်အသွေးမရှိဘူးဆိုတာက ဒီအစိုးရနဲ့တော်တော်များများဆိုင်တယ်။ သူတို့မှာက ကော်မတီတွေရှိတယ်လေး မြို့နယ်တည်ဆောက်ရေးကော်မတီရှိတယ်။ သူတို့က လုပ်ခါနီးလည်းသွားမကြည့်ဘူး လုပ်နေဆဲမှာလည်းသွားမကြည့်ဘူး လုပ်ပြီးတော့လည်းသွားမကြည့်တော့ ကုမ္ပဏီကလည်း ခုနကကျနော်ပြောတဲ့လမ်းအတိုင်း ၁၅ လက်မှတ်စာဘတ်ဂျက်တင်ထားတယ်။ တစ်ကယ်လုပ်တာက ၂ လက်မှတ်ပဲလုပ်ထားတာရှိတယ် ၃ လက်မှတ်ပဲလုပ်ထားတာရှိတယ် ဆိုတော့အဲ့တာကတစ်အားကွာတယ် ၃ လက်မှတ်ပဲဆိုရင် ၅ ဆတောင်ရှိတယ် သွားတူးကြည့်တာအရမ်းကွာတယ် တစ်ချို့ကနည်းနည်းထူတယ် ကျောက်ကသတ်မှတ်ထားတဲ့ ၂/၄ ဆိုဒ်မဟုတ်ပဲနဲ့ ၆/၄ ဆိုင်ဒ် ဖြစ်နေတယ်။ အဲ့တာကြောင့်မို့ သူတို့ရဲ့ကြပ်မတ်မှုပဲအားနည်း နေတယ်လို့ကျနော်ထင်ပါတယ်။

မေး ။ ။ ဒီလိုအရေအသွေးမပြည့်မှီတာတွေကလည်း ကုမ္မဏီတွေကနေ တင်ဒါတွေရဖို့ လာတ်ပေးလာတ်ယူမှု တွေပေးနေရတာကြောင့် ဘတ်ဂျက်တွေမှာ ထိခိုက်လာလို့ အောက်ခြေမှာ ဆောင်ရွက်ဖို့ အရည်အသွေးမပြည့်မှီလာတာလို့ ပြောသံတွေလည်း ကြားနေရပါတာက ကောလဟာလပဲလား။ ဒီအပေါ်မှာကော ဘာတစ်စုံတစ်ရာ ဘာများ မှတ်ချက်တွေ့ရှိတာများရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ဒီဟာတွေလည်းအတိအကျမတိတော့ ကောလဟာလလည်းဖြစ်နိုင်တယ်။ တစ်ကယ်လည်းဖြစ်နိုင်တယ်။ လူတွေက တော်တော်များများက ပွင့်လင်းမြင်သာတယ်ဆိုတော့ ကောလဟာလတော့ ဖြစ်ဖို့နည်းပါတယ်။ ကျနော်တို့ကလည်း လက်ပုလက်ကျမသိပါဘူး။

မေး ။ ။ လွှတ်တော်ထဲမှာတင်ပြသွားတဲ့ တချို့တင်ဒါတွေ တစ်နှစ်ကျော်သွားပြီ စီမံကိန်းက စီမံကိန်းကာလထက်ကျော်လွန်ပြီး မပြီးသေးတဲ့ဟာတွေရှိတယ်ဆိုတာ အခုကော ပြီးသွားပြီလားသိချင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

ဖြေ ။ ။ တစ်နှစ်ကျော်သွားပြီ သူတို့ပြန်မလုပ်သေးပါဘူး။ ကျနော်တို့ပြည်သူ့ငွေစရင်းတွေ ပြီးခဲ့တဲ့နှစ်ဟာစစ်တယ်။ ဆေးခန်းလည်းပြီးခဲ့တဲ့နှစ်ဟာ ဒီလကျတော့ဒီတစ်နှစ် သူဟာက သူတင်ဒါခေါ်တဲ့ချိန်ကျတော့ တော်တော်များများက ကျနော်တို့ပြည်နယ်ထဲကလူမဟုတ်ဘူး ရပ်ဝေးကလူဖြစ်တော့ တစ်ခါပြန်ဆက်သွယ်ရတာခက်တယ်။ အခုဆေးခန်းတွေဆောက်တာတော်တော်များများက လမ်းသစ္စာပန်းခါး နောက်ပြီးတော့ဆတ်ကန်ထရိုက် တစ်ဆင့်တစ်ဆင့်ဖြစ်တဲ့ခါကျတော့ ပြန်ရှာတဲ့ချိန်ဘယ်သူ့ကိုခေါ်ရမှန်းမသိဘူး။ ဆတ်ကန်ထရိုက်မှာတရားဥပဒေရှိတယ် သူတို့က တရားဥပဒေနံပတ် ၄ ကိုချိုးဖောက်တယ် သူတို့ကအဲ့ဒါကိုသိရဲ့နဲ့ ဘာလို့ငြိမ်နေလဲ။

မေး ။ ။ ဒါတွေက အစိုးရမှာ အရေးယူဖို့ တာဝန်ရှိနေတာလား။

ဖြေ ။ ။ ဒါတွေကအစိုးရက အရေးယူရမှာ တစ်ကယ်ပွင့်လင်းမြင်သာတယ်ဆိုရင် အရေးယူသင့်တယ်။ အရေးကိုယူရမှာ အရေးမယူတဲ့အကြောင်းရင်းကတော့ရှိမှာပဲ အဲ့တာတော့မသမာမှု တစ်ခုခုတော့ဖြစ်နိင်ပါတယ်။ တစ်ကယ်ပြောရမယ်ဆိုရင် မပြီးပဲနဲ့ငွေထုတ်ပေးတာ ဖြစ်နိုင်လား။ ကျနော်ဈေးဝယ်ရင် တစ်ထောင်ဖို့ဝယ်ရင် တစ်ထောင်ဖိုးပဲပေးပေါ့။ ခုနက အပိုထုတ်ပိုးငွေလည်းရှိသေးတယ်။ ရှိဖူးလာဒီမျိုးအပိုထုတ်ပိုးငွေ ဥပဒေမှာမရှိဘူး မရှိဘူးကျနော်တို့ဒီဘတ်ဂျက်မှာလည်းမရှိဘူး။

မေး ။ ။ ကော်မတီအနေနဲ့ စစ်ဆေးတွေ့ရှိတဲ့အထဲမှာ အဆိုးဆုံးက ဘာတွေလဲ။

ဖြေ။ ။ ကျနော်တို့ဒီအဆိုးဆုံးဆိုရင် ကျနော်တို့အဆောက်ဦးတွေအရည်အသွေးမမှီတာပေါ့နော်။ အဆောက်အဦးတွေ အက်ကွဲတာတွေ တင်ဒါကတစ်မျိုး နောက်တစ်ခုက လမ်း။ လမ်းကသူတို့ ပြောတော့တစ်မျိုး ဥပမာ မြေသားလမ်းရေဖြန်း ရေဖြန်းတော့သဲကြိတ် တာတွေမလုပ်ပါဘူး။ သူတို့တာတွေသွားမကြည့်ဘူး သူတို့ခိုတယ်။ ဒီဟာက တော်တော်ဆိုးတယ် ဒီလုပ်ငန်းပေါ့နော် သူတို့လည်းဘတ်ဂျက်တော်တော်များများတောင်းတယ် တောင်းမှပြီးအောင်မလုပ်ပဲပြန်ပေးတာလည်း အဲ့တာကကျနော်တို့ကယားပြည်တွက် တစ်အားနစ်နာပါတယ်။

မေး ။ ။ အရင်သလောကပဲ ဖရူဆိုမြို့ပေါ်မှာ လျှပ်စစ်ဓါတ်တိုင်တွေ လှဲတာတွေကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေက ဘယ်လိုဖြစ်တာပါလဲ။

ဖြေ ။ ။ တစ်ကယ်တမ်းဆိုရင် လျှပ်စစ်နဲ့လမ်းနဲ့စည်ပင်နဲ့တိုင်ပင်ရမှာ ဓတ်တိုင်ထောင်မယ်ဆိုရင် လမ်းဧရိယာလွတ်မလွတ် သူတိုင်ပင်ရမှာ တစ်ချို့ကလည်း စည်ပင်ကလည်း ဓတ်တိုင်လွတ်မလွတ် လမ်းဧရိယာလွတ်မလွတ်တိုင်ပင်ရမယ်။ ဟိုတစ်နေ့က ညောင်ဇင်မှာဖြစ်သွားတာက ဓတ်တိုင်စိုက်တဲ့နေရာက ကွက်တိစိုက်တွင်းနဲ့ဖောက်လိုက်တယ်။ သူ့ဟာသူပတ်စီးမယ်သူတို့ထင်နေတာ။ ပြီးတော့သူတို့စိုက်တာကလည်း သူ့အရည်အသွေးမမှီဘူး။ တစ်ကယ်ဓတ်တိုင်စိုက်တာက ၅ ပေတူးရမယ် ၂ ပေခွဲကို ကျောက်စရစ်ချမယ် ၂ ပေခွဲ အပေါ်မှာ လေးထောင့်တူးပြီးတော့ ကွန်ကရစ်နဲ့လောင်းရမှာ သူတို့ကမလုပ်ဘူး အပေါ်ယံတစ်ထွာလောက်ပဲ ခုံလိုလိုထိုင်ခုံလိုလိုလောင်းတော့ အဲ့လိုဖြစ်မှာပဲ ရာသီဥတုဒဏ်သူမခံနိုင်ဘူးလေး။အများကြီးပါ။ ပြောစရာတွေကအများကြီးရှိတယ်။ ဒါပေမယ်ဒါက အားနည်းချက်တွေပေါ့။ သူတို့ကြီးကြပ်မှုအာနည်းလို့နောက်ပြီး ဥပမာ လိုက်နာမှု အားနည်းနေတယ်။ ပေးထားတဲ့ Drawing မှာတော့ ၅ ပေတူးမယ်။ သဲကို ၂ ပေခွဲထည့်မယ်။ ဒါ Drawing အပြည့်ယူတယ်။ စိုက်တဲ့ အချိန်ကျတော့ လိုက်တူးကြည့် ဒါမျိုး တစ်တိုင်မှတောင်မရှိဘူး။ တိုင်တစ်ရာမှာ တစ်တိုင်ပဲရှိချင်ရှိမယ်။

မေး ။ ။ ဒါတွေမဖြစ်အောင် နှောင်ဘာတွေ သတိထားသင့်လဲ။ ဘာတွေဆောင်ရွက်သင့်လဲ။

ဖြေ ။ ။ ကျနော်တို့ကိုယ်တိုင်လည်းကိုယ့်ကိုကိုပြင်ဖို့လည်းအများကြီးလိုပါတယ်။ လုပ်တဲ့လူရောပေးတဲ့လူရော ကျနောတို့ကိုယ်တိုင်ကအစပေါနော် စိတ်ဓတ်မြင့်မားဖို့လိုတယ်။ စေတနာရှိဖို့လိုတယ်။ ကျနော်တို့ဒီကယားပြည်နယ် ဘတ်ဂျက်ရရင်လည်း စေတနာရှိရှိလုပ်ပေးစေချင်ပါတယ်။ အဲ့လိုလုပ်ပေးစေချင်တဲ့ဟာကို နောက်လာမယ့်ကျရင်လည်း ပြီးတော့ကိုယ့်ပြည်နယ်သား တစ်ချို့က တစ်ခြားဒေသကနေလာတဲ့လုပ်ငန်းရှင်တွေ အခွန် ကုန်သွယ်ခွန်ကို သူ့ပြည်နယ်မှာသူဆောင်တာ မဖြစ်သင့်ပါဘူး။ ကယားပြည်နယ်မှာလာလုပ်ရင် ကယားပြည်နယ်ကို အခွန်ပေးသင့်ပါတယ်ပေါ့နော်။ ခုနကလည်းကျနော်ပြောသွားပါတယ်။ တချို့ဆို ငါတို့ကရင်မှာသွင်းပြီးပြီ ဒီမှာမသွင်းတော့ဘူးတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်းလိုလုပ်သွားတယ်။ ဒါတွေတော်တော်များများရှိတယ်။ သူတို့ကငါ့ပြည်နယ်မှာငါသွင်းပြီတဲ့ မေးကြည့်လိုက်တော့မသွင်းဘူး အဲ့တာကတော့ ကျနော်တို့ဥပဒေစိုးမိုးရေးနည်းနည်းလေးလိုပါတယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 15, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ...