ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ နိုဝင်ဘာလအတွင်း ပြည်သူ (၁၆) ဦး သေဆုံးကြောင်း KnHRG ထုတ်ပြန်

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ နိုဝင်ဘာလအတွင်း ပြည်သူ (၁၆) ဦး သေဆုံးကြောင်း KnHRG ထုတ်ပြန်

ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ သေဆုံးသူ ၁၆ ဦးထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၈ ဦးနဲ့ အမျိုသမီး ၁ ဦး၊ လက်နက်ကြီးကြောင့် အမျိုးသား ၁ဦး၊ ဒရုန်းဗုံးကြဲမှုကြောင့် အမျိုးသား၁ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေး၁ဦး၊ စစ်ကော်မရှင်နဲ့ PNO တို့ သေနတ်ပစ်ခတ်မှုကြောင့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ မိမိကိုယ်ကို အဆုံးစီရင်တဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဖယ်ခုံမှာက ၃ ယောက်လေနော်။ ကလေးမတစ်ယောက်နဲ့ အမျိုးသမီးကြီး ၂ ယောက် ဒါက လက်နက်ကြီးပေါ့နော်။ ပြီးတော့မှ မော်ချီး မှာရှိမယ်။ ပြီး ဖရူဆိုမှာ အမျိုးသားတစ်ယောက် ဒရုန်းဗုံးထိတာပေါ့။ ဒါကတော့ အဓိကပါပဲ။” လို့ အဆိုပါ သေဆုံးမှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး KnHRG တည်ထောင်သူ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီစာရင်းအရ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ဖယ်ခုံ တောင်ယာခင်းတစ်နေရာမှာ ရိတ်သိမ်းနေသူတွေကို စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၆၀)အရွယ် ၊ အသက် (၁၇)နှစ်ဝန်းကျင်အရွယ် နဲ့ အသက် (၄၆)အရွယ် အမျိုးသမီး ထိမှန်သေဆုံးခဲ့ပါတယ်။

အလားတူ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မော်ချီးဒေသကို ဗုံးကြဲမှုကြောင့် အမျိုးသား ၅ ဦး သေဆုံးခဲ့ပါတယ်။

လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင် မြေမြှုပ်မိုင်း နင်းမိတာနဲ့ တခြားအကြောင်းအရင်းတွေကြောင့် နိုဝင်ဘာလအတွင်း ထိခိုက်ဒဏ်ရာရသူ ( ၅၄ ) ဦးရှိတယ်လို့ KnHRG က ဆိုပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ စစ်ရေး အကြမ်းဖက်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်လွယ်တဲ့ စစ်ဘေးရှောင် ၂ သိန်းကျော်ကို အကူအညီပေးဖို့၊ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေ အပါအဝင် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက်ကိုလည်း KnHRG က နိုင်ငံတကာကို တစ်ပါတည်း တောင်းဆိုထားပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...