နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုပေးရေး ဆက်လုပ်ဆောင်ရန် ဆုံးဖြတ် ချက်ချထားဟု ပြော

နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုပေးရေး ဆက်လုပ်ဆောင်ရန် ဆုံးဖြတ် ချက်ချထားဟု ပြော
by -
မဇ္ဈိမ
နိုင်ငံရေးအကျဉ်းသားများအဖြစ် နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုပေးရေးအတွက် ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက်ချထားကြောင်း   နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

မတ်လ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel တွင် ပြုလုပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ စတုတ္ထအကြိမ် ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဦးသိန်းစိန်သက်တမ်းတုန်းကလည်း နိုင်ငံရေးအကျဉ်းသားဝေါဟာရနဲ့ ပတ်သက်လို့ လွှတ်တော်မှာတင်တယ်။ ဒါပေမယ့် ပြည်ထဲရေးဒုဝန်ကြီး ကိုယ်တိုင်ဆင်းလာတယ်။ သူကိုယ်တိုင်လွှတ်တော်ထဲမှာ လာရှင်းတယ်။ လုံးဝ အသိအမှတ်မပြုဘူး ပယ်ချခံရတယ်။ ဒုတိယအကြိမ်လည်း ထိုနည်းတူစွာပဲ အစိုးရသစ်လက်ထက်မှာ လွှတ် တော်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသားဝေါဟာရနဲ့ ပတ်သက်လို့ ထပ်ပြီး ပယ်ချခံရတယ်။ ဒါပေမယ့် ကိုတို့ကတော့ နိုင်ငံရေး အကျဉ်းသားဝေါဟာရကို လွှတ်တော်ထဲမှာ တရားဝင် ဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းနိုင်ရန်အလို့ငှာ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက်ချထားပါတယ် ”ဟု ဦးထွန်းကြည်က ရှင်းပြသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်ငံတော်မှ တရားဝင်အသိအမှတ်ပြုပေးရေးအတွက် လုပ်ဆောင်ရာ တွင် ရည်ရွယ်ချက်တူ၊ ဆန္ဒတူသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံတော်မု တရားဝင်အသိအမှတ်ပြုပေးရန် လွှတ်တော်တွင် ပယ်ချခံနေရခြင်းမှာ လက်ရှိအစိုးရတွင် အာဏာအပြည့်အဝမရှိခြင်းနှင့် ကာကွယ်ရေးဦးစီးချုပ်လက်အောက်တွင် ဝန်ကြီးဌာန ၃ ခုရှိနေခြင်းကြောင့်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးဇော်မြင့်က ပြောသည်။

“အခုလောလောဆယ် အခြေအနေအရတော့ ကျွန်တော်တို့ တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဟာ အာဏာ အပြည်အဝရှိတဲ့ အစိုးရမဟုတ်ဘူး။ အာဏာတစ်ဝက်ပဲ ရထားတဲ့ အစိုးရဖြစ်တယ်။ တစ်ဝက် တောင်စေ့စေ့ ပေါက်ပေါက်ပြောရင် သူတို့ရဲ့အတွင်းဝန်တွေ လိုမျိုး၊ သူတို့ရဲ့ ဌာနဆိုင်ရာ အရာရှိတွေလိုမျိုး ရှိနေတဲ့အတွက် တစ်ဝက်တောင် ရေရောနေသေးတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အစိုးရက ကျွန်တော်တို့ကို ဘယ်လောက်ပဲ အသိအမှတ်ပြုပေးချင်၊ ပြုပေးချင် ကျွန်တော်တို့ပေးထားရတဲ့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာ ရှိနေတဲ့ ဝန်ကြီးဌာနသုံးခု ကျွန်တော်တို့ ပြည်သူ့ အစိုးရရဲ့ လက်ထဲကို ပြန်မရောက်မချင်း နိုင်ငံရေးအကျဉ်း သားကို အသိအမှတ်ပြုဖို့ ဆိုတာကတော့ လိုအပ်နေဦးမှာပါ”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအဖွဲ့ကို ၂ဝ၁၁ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြည်လည်းသင့်မြတ်ရေး စသည့်ရည်ရွယ်ချက်များဖြင့် တည်ထောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်ပေါင်း ၄ဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...