အစိုးရဝန်ကြီးအပြောင်းအလဲ “လုံးဝ ကောလာဟလ” ဟု ဦးဝင်းထိန် ပြော

အစိုးရဝန်ကြီးအပြောင်းအလဲ “လုံးဝ ကောလာဟလ” ဟု ဦးဝင်းထိန် ပြော
by -
မဇ္ဈိမ
အစိုးရသက်တမ်း တစ်နှစ်ကျော်လာပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွင်း ဝန်ကြီး၊ ဒုဝန်ကြီးတွေ အပြောင်းအလဲလုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် NLDရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ငြင်းဆိုလိုက်ပါတယ်။

“အဲ့ဒါတော့ လုံးဝကို ကောလဟာလ” လို့ ဦးဝင်းထိန်က နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာထဲက ယူနီစံစားသောက်ဆိုင်မှာ မတ်လ ၅ရက်၊ မွန်းလွဲပိုင်းကပြုလုပ်တဲ့ စီအီးစီ အစည်းအဝေးမှာ မီဒီယာတွေကို ပြောပါတယ်။

လက်ရှိ အစိုးရသက်တမ်းတစ်နှစ်ကျော်ကာလအတွင်းမှာတော့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှ ရပ်စဲပြီး ဦးလှကျော်ကို ခန့်အပ်ထားသလို မိမိသဘောဆန္ဒအလျောက်နှုတ်ထွက်သွားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးရဲ့ နေရာမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒေါက်တာအေးဇံကို ခန့်အပ်ခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ စီအီးစီအစည်းအဝေးမှာ ပါတီစည်းကမ်းထိန်းသိမ်းရေးကိစ္စနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးကြပါတယ်။

“ကျန်တာတော့ ပါတီစည်းကမ်းထိန်းသိမ်းရေးကိစ္စတွေပါ။ တိုင်တာတောတာ သိပ်များတယ်။ အားလုံးပေါင်းကျွန်တော်တို့ဆီက ၈၈၅ယောက်ရှိတယ်။ ဒါက လွှတ်တော်ကိုယ်စားလှယ်တွေချည်းပဲ ပြီးတော့မှ တိုင်း၊ မြို့နယ်က အီးစီ အစုံပေါ့။ တိုင်တာက မျိုးစုံပေါ့” လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် လာမယ့် ဧပြီလ ၁ရက်နေ့မှာကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အစိုးရအဖွဲ့ဝင်တွေအနေနဲ့ စည်းရံးရေးမဆင်းကြဖို့လည်း ဒီကနေ့အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

"ကြားဖြတ်ရွေးကောက်ပွဲမှာ စည်းရုံးရေးဆင်းတဲ့အခါ အစိုးရအဖွဲ့မှာပါတဲ့သူတွေ ရွေးကောက်ပွဲဆင်းရင် အစိုးရက မလုပ်ရဘူးဆိုတာ ပြောထားတယ်။ တော်ကြာ ကန့်ကွက်ခံရမှာ စိုးလို့" လို့ ဦးဝင်းထိန်က ဆိုပါတယ်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...