နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့ ပြင်ဆင်ထားသင့်ပြီ

နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့ ပြင်ဆင်ထားသင့်ပြီ

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ လုပ်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြောက်နိုင်ဖို့ အရေးကြီးတဲ့အချိန်ရောက်လာတော့မှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ကယားပြည်နယ်အတွင်း မဲဆန္ဒပေးခွင့်ရှိသူ ( ၁၇၈၃၁၆ ) ဦး ရှိပါတယ်။ လက်ရှိ အထွေထွေမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့၂၀၂၀ ၊ ဇန်နဝါရီလထုတ် ဒေသဆိုင်ရာ အချက်အလက်များအရ တစ်ပြည်နယ်လုံး စုစုပေါင်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၉၃၄၉၁ ရှိပါတယ်။

အရင် ရွေးကောက်ပွဲထက် လူဦးရေမဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းခွဲကျော်များလာပါတယ်။

ကယားတစ်ပြည်နယ်လုံးမှ မဲဆန္ဒရှင် မဲပေးခွင့်ရှိသူက နှစ်သိန်းနီးပါးသာရှိနေတဲ့အချိန်မှာ လူဦးရေ နှစ်သောင်းနီးပါက မဲပေးဖို့ အခွင့်အရေးဆုံးရှုံးခဲ့မယ်ဆိုရင်တော့ ပြည်နယ်အတွက် အရမ်းနစ်နာစေမှာဖြစ်ပါတယ်။

အကြောင်းကတော့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမပြုခဲ့တဲ့သူ ကယားပြည်နယ်အတွင်းမှာ အသက် ဆယ်နှစ်နှင့်အထက် လူဦးရေ နှစ်သောင်းနီးပါးရှိခဲ့ပါတယ်။

နှစ်သောင်းနီးပါးရှိနေတဲ့ လူဦးရေက အခုချိန်အထိ မည်သည့်ကဒ်မှ မကိုင်ဆောင်ထားသေးဘူးဆိုရင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ဆုံးရှုံးနိုင်ပါတယ်။

သန်းခေါင်းစာရင်း ထုတ်ပြန်ချိန်တန်းက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခွင့် စာရင်းပြုစုချိန်နှင့် နီးကပ်သွားလို့ မဲပေးခွင့်တစ်ကြိမ် ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကျော်ထင်အောင်က ထောက်ပြရေးသားထားတဲ့ ဆောင်းပါးအရ သိခဲ့ရပါတယ်။

ဒါကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတွေမှာလည်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ မှတ်ပုံတင်မရှိသေးရင် မှတ်ပုံတင်တွေလုပ်ထားဖို့လိုနေပါပြီ။ မြန်မာနိုင်ငံ နိုင်ငံသားတစ်ဦးအနေနဲ့ မည်သည့်ကဒ်မှ မကိုင်ဆောင်ထားရသေးတဲ့သူတွေမှာလည်း နိုင်ငံသား အသိအမှတ်ပြုတဲ့ ကဒ်တစ်မျိုးမျိုး ရှိထားသင့်ပါပြီ။

ဇွန်လ ၂၈ ရက်နေ့အထိ ကယားပြည်နယ်ရဲ့ ၂၀၂၀ ခုနှစ် နောက်ဆုံးရ လူဦးရေ မဲပေးခွင့်း စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရင်က မဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ မထုတ်ပြန်နိုင်သေးပါဘူး။

အခုချိန်မှာ မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းတွေအမြန်ထုတ်ပေးရင်တော့ မှတ်ပုံတင်မရှိတဲ့သူတွေ ၊ နာမည်ထပ်နေတာတွေ ၊ မဲပေးခွင့်ကျန်ခဲ့တဲ့သူတွေ စောစောသိရပြီး လိုအပ်တာတွေ အမြန်ပြင်ဆင်နိုင် လိုနေပြီဖြစ်တယ်လို့ ကန္တာရဝတိုင်း(မ်)မှ တိုက်တွန်း လိုက်ရပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...