တောင်ကြီးတွင် အဆိပ်ရှိမှိုစားသုံးမှုကြောင့် ၂ဦးသေ

တောင်ကြီးတွင် အဆိပ်ရှိမှိုစားသုံးမှုကြောင့် ၂ဦးသေ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် မှို စားသုံးမှုကြောင့် အစာအဆိပ်သင့်ကာ ၂ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၁၉ ရက်က ထိုသေဆုံးသူများနှင့် မိသားစုဝင်များသည် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့် ဘုရား တောင်ပေါ် အနီးပတ်ဝန်းကျင် တွင် မှိုများခူးကာ ၊ ဇွန် ၂၀ ရက်က ချက်ပြုတ်စားသောက်ခဲ့ကြကြောင်း ဆိုပါသည်။

ထိုနေ့ တွင် မှိုဟင်းစားပြီးနောက် ညနေပိုင်းတွ ကြက်သားဟင်းထဲကိုကာကိုလာ(Coca Cola) ထည့်ချက်စားကြကြောင်း၊ ထိုသို့စားပြီးနောက် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့စတင်ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက ပြောပြသည်။

“မှို ချက်စားပြီး ညရောက်တဲ့ချိန်ကျတော့ မိသားစုဝင်ထဲက ကြက်သားဟင်း နဲ့ ကိုကာကိုလာ ချက်စားကြတယ်။ အဲ့ဒါ စားပြီးနောက်မှ ပြဿနာစဖြစ်တယ်။ ကြက်သားကို ကိုကာကိုလာ နဲ့ချက်စားပြီး နာရီဝက် တစ်နာရီလောက်မှာ ဗိုက်နာလာတယ်။ အော့အန်ကြတယ်။ ဝမ်းလျှောကြတယ်” ဟု ပတ်ဝန်းကျင်တွင်နေထိုင်သူတဦး ဖြစ်သည့် နန်းမြ က ဆိုသည်။

ထို့နောက် တောင်ကြီးမြို့ရှိ ထွန်းဆေးရုံတွင် ဆေးကုသမှုခံယူပြီး၊ ဇွန် ၂၅ရက်တွင် အသက် ၇၀ကျော် အမျိုးသမီး တဦးသေဆုံးခဲ့သည်၊ ဇွန် ၂၇ ရက် မနက်ပိုင်းတွင် အသက် ၄၇ဦး အမျိုးသမီးထပ်မံသေဆုံးခဲ့ကြောင်း နန်းမြ ကပြောသည်။

“ခု လက်ရှိချိန်ထိ ၂ ယောက် က ဆေးကုသမှု ခံယူနေဆဲ၊ ၂ ယောက်က ၂ ရက်အတွင်း ပြန်လည် သက်သာလာတယ်လို့ ပြောတယ်” ဟု နန်းမြ က ဆိုသည်။

မိုးရာသီအတွင်း တောထဲတွင် ပေါက်သည့် မှိုများ ကို ခူးစားရာမှ သေဆုံးသည့် သျှမ်းပြည်သူ ၁၀ ဦး ထက်မနည်းရှိပြီဖြစ်ရာ မှိုများစားကြမည့်အခါ သတိရှိရန် လိုအပ်ကြောင်းလည်း တောင်ကြီးပြည်သူများက ပြောသည်။

အဆိပ်ရှိသည်ဟု ယူဆသည့် မှိုများသည် ဆွတ်ဆွတ်ဖြူသည့် မှို၊ အညိုရောင်မှိုသေးသေးမွှားမွှားများ၊ အညိုရောင် မှိုပွင့်ကြီးများ၊ အနီရောင်၊ ပန်းရောင် အဆင်းရှိသည့် မှိုများ၊ မှိုပွင့်ကို လက်နှင့် ခြွေပတ်သည့် အခါ အနီရောင် အရည်များထွက်လာခြင်းများ စသည့်လက္ခဏာများတွေ့ရကြောင်း သိရသည်။

အဆိပ်ရှိသည့် မှိုများကို စားသုံးမိပါက ခံစားရသည့် ရောဂါ လက္ခဏာများမှာ မူးဝေခြင်း၊အော့အန်ခြင်း၊ သွေးပေါင်ချိန် ကျခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းလျှောခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်မေ့မျောခြင်း နှင့် တက်ခြင်းတို့ ဖြစ်သည်။

January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...