သျှမ်းပြည် မြေယာ သိမ်းဆည်းခံရမှု မြေစစ် မူဝါဒနှင့် မကိုက်ညီသဖြင့် အမှုပိတ်သိမ်းခံရ

သျှမ်းပြည် မြေယာ သိမ်းဆည်းခံရမှု မြေစစ် မူဝါဒနှင့် မကိုက်ညီသဖြင့် အမှုပိတ်သိမ်းခံရ

နန်းဆိုင်ဖူး — သျှမ်းပြည်တွင်း လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီမြေစစ်မူဝါဒ ၅၂ချက်နှင့် မကိုက်ညီသဖြင့် အမှုပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဆည်မြောင်း နှင့် စိုက်ပျိုးရေး ဝန်ကြီး ဦးစိုင်းလုံးကျော် က ပြောကြားလိုက်သည်။

ဇွန် ၂၅ ရက်တွင် ကျင်းပသည့် သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) စိုင်းထွန်းဝင်း (ခ) စိုင်းနော်ခမ်းမှ ပြည်နယ် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ မှ မူလမြေပိုင်ရှင်များထံ အမှုပိတ်သိမ်းကြောင်း ပြန်ကြားလာမှု နှ့င့် စပ်လျဉ်း သည့်မေးခွန်းကို သျှမ်းပြည်နယ် လွှတ်တော်တွင်း ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့သည်။

ထိုကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ဆည်မြောင်း နှင့် စိုက်ပျိုးရေး ဝန်ကြီး ဦးစိုင်းလုံကျော်မှ မြေစစ် မူဝါဒ ၅၂ ချက်ထဲတွင် ကိုက်ညီမှုမရှိသည့်အတွက် အမှုပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဖြေကြားချက် နှင့် ပတ်သက်ပြီး စိုင်းထွန်းဝင်း (ခ) စိုင်းနော်ခမ်း က “ကျေနပ် အားရမှုတော့ မရရှိပါဘူး။ ဒေသခံ တောင်သူ လယ်သမားတွေနဲ့ ခံစားနေရတဲ့ ပြဿနာကို ကျနော်တို့က ထိတွေ့နေရတယ်။ သိမ်းထားတဲ့မြေကို တင်ထားတယ်။ အဲ့အမှုကို ပိတ်သိမ်းခံရတယ်ဆိုတာ ဒီနေရာမှာ ဘယ်လိုမှ မဖြစ်သင့်တဲ့အရာပါ” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူဝါဒ ၅၂ချက်ထဲတွင် အဓိက အချက်ဖြစ်သည့် ရပ်မိရပ်ဖ မှ ထောက်ခံပေးပါက မြေယာပြန်ပေးရန်၊ စစ်တပ်သိမ်းမြေ ဖြစ်နေပါက မူဝါဒ ၃ခုရှိပြီး စစ်တပ်နှင့် တဆက်တည်း မရှိသည့် မြေ၊ လုံခြုံရေး အရ အသုံးမပြုတော့တဲ့မြေများကို ပြန်လည် စွန့်လွှတ်ပေးမည်ဆိုတာ ပြောဆိုထားသည်။

သို့သော် သျှမ်းပြည် ဆည်မြောင်းနှင့် စိုက်ပျိုးရေး ဝန်ကြီး ဦးစိုင်းလုံကျော် က မြေစစ်မူဝါဒ ၅၂ချက်နှင့် မကိုက်ညီသည့်အတွက် သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မူလ မြေပိုင်ရှင်များထံ အမှုပိတ်သိမ်းကြောင်း ပြောဆိုလိုက်သည်။

ပြန်လည် စိစစ်ရေး ကော်မတီ မှ မူလမြေပိုင်ရှင်များထံ အမှုပိတ်သမ်းသည့် ကိစ္စသည် ကျောက်မဲခရိုင်အတွင်း (၆၆) မူ စိစစ်တွေ့ရှိထားကြောင်း စိုင်းထွန်းဝင်း က ဆိုသည်။

“သျှမ်းပြည်နယ် တစ်ခုလုံး အတွက် ကျနော်က မေးတယ်။ ကျောက်မဲ ခရိုင်အတွင်း စိစစ်တွေ့ရှိချက်အရကတော့ ၆၆ မူ ရှိတယ်။ ပိတ်သိမ်းပြီးတာတွေ ဆက်လက်ပိတ်သိမ်းမယ့်ဟာတွေ ခရိုင်အတွင်းထဲမှာ ၆၆ မူ ရှိတယ်” ဟု စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်နယ် အတွင်း တပ်မှ ခေတ်အဆက်ဆက် မြေယာသိမ်းဆည်းမှုကြောင့် တောင်သူများနှင့် အငြင်းပွားမှုသည့် ယနေ့ထိတိုင်ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ပြင် ၁၉၉၈ ခုနစ် နောက်ပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး အရာရှိများ ကလည်း မြေယာများသိမ်းဆည်းကာ အကွက်ချပြီး ဝန်ထမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ပြန်ချပေးသည့် ကိစ္စများလည်း ရှိကြောင်း သိရသည်။

January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...
January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...