တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရုရှားနိုင်ငံက စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဂုဏ်ထူးဆောင် တံဆိပ် ချီးမြင့်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရုရှားနိုင်ငံက စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဂုဏ်ထူးဆောင် တံဆိပ် ချီးမြင့်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံက “စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဂုဏ်ထူးဆောင်တံဆိပ်” ချီးမြင့်ခဲ့ကြောင်း တပ်မတော်ဘက်မှ သိရသည်။

၎င်းဂုဏ်ထူးဆောင်တံဆိပ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးက ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သော စစ်အောင်နိုင်ခြင်း (၇၅) နှစ်မြောက် အခမ်းအနားအပြီး ဇွန်လ ၂၃ ရက်နေ့ညပိုင်းတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံတပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် ၎င်းဂုဏ်ထူးဆောင်တံ ဆိပ်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

 “ရုရှားနဲ့ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးရေးကို ပိုမိုရင်းနှီးအောင်ဆောင်ရွက်နိုင်ခဲ့လို့ပေးတယ်လို့သိရပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကားရေး အတွင်းအရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါဆုတံဆိပ်မှာ ၁၉၉၆ မှ စတင်ပေါ်ပေါက်ခဲ့သည့် ဆုတံဆိပ်ဖြစ်ပြီး ၈၂ ဦးအထိချီးမြှင့်ထားပြီးဖြစ် ကြောင်းနှင့် ယင်းတံဆိပ်ကို ရုရှားနိုင်ငံ၏ စစ်မှုထမ်းဟောင်းနှင့် တာဝန်ထမ်းဆောင်သော အရပ်သားများအပြင် ပြည်ပနိုင်ငံမှ ရုရှားနိုင်ငံနှင့် စစ်ရေးအရ အပြန်အလှန်အကျိုးပြုသူများကိုလည်း ချီးမြှင့်လေ့ရှိကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်သည့် ခရီးစဉ်တွင် နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များအကြားရှိ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရုရှားစစ်တပ်အားကစားပြိုင်ပွဲတွင် မြန်မာတပ်မတော်၏ ပါဝင်မှုနှင့် ယခုနှစ်တွင် ဆက်လက်ပါဝင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်အောင်နိုင်ခြင်း (၇၅) နှစ်မြောက် အခမ်းအနားကို နိုင်ငံ ၁၀နိုင်ငံမှ သမ္မတများ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးများအား ဖိတ်ကြားခဲ့သည့်အတွက် မြန်မာနိုင်ငံကိုယ်စား ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ခဲ့ခြင်းဖြစ်ပြီး  ဇွန်လ ၂၅ ရက်နေ့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားခရီးစဉ်မစမီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့သည့်အပြင် မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာ ပါကလည်း ကျန်းမာရေးစစ်ဆေးမှုများကို ထပ်မံလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...