သျှမ်းပြည် ကလေးသူငယ် တရားရုံး နှင့် အထူးရဲ သီးသန့် မထားနိုင်သေး

သျှမ်းပြည် ကလေးသူငယ် တရားရုံး နှင့် အထူးရဲ သီးသန့် မထားနိုင်သေး

နန်းဆိုင်ဖူး — သျှမ်းပြည်နယ် တရားရုံးများတွင် ကလေး သူငယ်အထူးရဲ သီးသန့် ထားရှိရန် အစီအစဉ် မရှိသေးကြောင်းနှင့် အထူးတရားရုံးထားရှိရန် မြေနေရာခက်ခဲမှု ရှိနေသေးသည်ဟု လွှတ်တော်တွင် ပြောဆိုလိုက်သည်။

ဇွန် ၂၃ ရက်တွင် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး က သျှမ်းပြည်နယ်တရားရုံးများတွင် ကလေးသူငယ် အထူးတရားရုံးများ ထားရှိရန် နှင့် ကလေးသူငယ်အထူးရဲများ သီးသန့်ခန့်ထားရန် အစီစဉ် ရှိ/မရှိ စပ်လျဉ်းသည့် မေးခွန်း ကို မေးမြန်းခဲ့သည်။

ထိုမေးမြန်းချက်နှင့် ပတ်သက်ပြီး သျှမ်းပြည် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က တရားရုံးများတွင် ကလေးသူငယ်အထူးတရားရုံးများ ထားရှိရန် အတွက်ရုံးနေရာ အခက်အခဲဖြစ်နေသေးသဖြင့် အောင်မြင်မှု မရသေးကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် သျှမ်းပြည်တွင်း ကလေးသူငယ်အထူးရဲများ သီးသန့် ခန့်ထားရန် အစီအစဉ် မရှိသေးကြောင်းကိုလည်း သျှမ်းပြည် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြေကြားချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက “သျှမ်းပြည်နယ်မှာ အထူးတရားရုံး နဲ့ ကလေးတရားရုံး မရှိမဖြစ် လိုအပ်နေတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ဖြေသွားတာလဲ အားရကျေနပ်မှု မရှိဘူးပေါ့” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် တရားရုံးများရှိ အမှုစစ်သည့်နေရာတွင် ကလေးသူငယ် အထူးတရားရုံး မရှိသည့်အတွက် အားနည်းချက် များရှိကြောင်း၊ ထို့ကြောင့်ထိုမေးခွန်းကို လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းရခြင်း ဖြစ်ကြောင်း လွှတ်တော် အမတ် ဦးအေးမင်းစိုး က ဆိုသည်။

“ သျှမ်းပြည်နယ်မှာက လူကုန်ကူးမှုတွေ ကလေးသူငယ် မှုခင်းတွေ သက်ငယ်မုဒိမ်းတွေ ပိုတိုးလာတယ်လေ။ ကလေးသူငယ်တွေ နဲ့ ပတ်သက်ပြီးတော့ မှုခင်းဖြစ်တဲ့ဟာတွေက အခွင့်အရေးတွေ ဥပဒေအတိုင်း အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့။” ဟု ဦးအေးမင်းစိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် တွင် လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းမှု တနှစ်ထက်တနှစ် ပိုများလာကြောင်းလည်း ဦးအေးမင်းစိုး က ပြောသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...