မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး အမှတ်(၁) တံတား ဖွင့်လှစ်ရန် အစီစဉ် မရှိသေး

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး အမှတ်(၁) တံတား ဖွင့်လှစ်ရန် အစီစဉ် မရှိသေး

နန်းဆိုင်ဖူး — တာချီလိတ်မြို့ရှိ မြန်မာ- ထိုင်း ချစ်ကြည်ရေး အမှတ် (၁ )တံတားဖွင့်ရန် အစီစဉ်မရှိသေးကြောင်း တာချီလိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှစုံစမ်း သိရှိရသည်။

ဇွန် (၂၃) ရက်နေ့က နေ့လည်ပိုင်းတွင် တာချီလိတ်နှင့် မယ်ဆိုင်နှစ်နိုင်ငံ တာဝန်ရှိသူများက တာချီလိတ်မြို့၌ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စုံစမ်း သိရှိရသည်။

“လောလောဆယ်တော့ နှစ်ဖက်စလုံး မဖွင့်နိုင်သေးပါဘူး။ အခုအနေအထားတော့ ကျန်းမာရေး အခြေနေ လာပြီး မေးတဲ့ သဘောပါပဲ။ ဟိုဘက်မေး ဒီဘက်မေး အဲ့အဆင့်ပဲ ရှိပါသေးတယ်။ တံတားဖွင့်ဖို့ အဆင့်ထိတော့ မရောက်သေးပါဘူး” ဟု တာချီလိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားအမှတ် (၁) သည် မတ်(၂၃) ရက်နေ့ ကစတင် ပိတ်ထားပြီး (၃) လ ကြာ ပိတ်ထားပြီ ဖြစ်ကြောင်း သိရသည်။

“အခု ဖွင့်ဖို့ အစီစဉ်လဲ မရှိသေးပါဘူးဗျ။ ရောဂါတွေပြီးမှပဲ ဖွင့်ပါမယ်။ ရောဂါ ကဘယ်တော့ ပြီးမယ်မှန်းမသိဘူး” ဟု ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာ-ထိုင်း နယ်စပ် အမှတ်(၁) တံတားသည် ၃လကြာပိတ်ထားနောက် နယ်စပ်တွင် တပိုင်တနိုင် ကုန်ကူးသန်းရောင်းဝယ်နေသည့်သူများအတွက် စားဝတ်နေရေး ခက်ခဲလာကြောင်းလည်း တာချီလိတ်ဒေသခံများပြောပြချက်အရသိရသည်။

“ တာချီလိတ်က ထိုင်းပစ္စည်းကို အဓိက အားထားရ၊ ကုန်ကူးနေရတဲ့အတွက် ကုန်စုံရောင်းတဲ့သူအတွက်တော့ အခက်အခဲတော့ရှိပါတယ်။ ကျန်းမာရေး အရ ပိတ်ထားတော့လည်း မတတ်နိုင်ဘူးလေ” ဟု တာချီလိတ် ဆန်ဆိုင်း ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နယ်စပ် တံတားဖွင့်ရန်အတွက် ၂ နိုင်ငံကြားဆွေးနွေး သဘောတူရုံမျှ မရဘဲ အာဆီယံ နိုင်ငံများနှင့်လည်း ပတ်သက်ဆက်နွယ်နေပြီး အားလုံး သဘောထားပါဝင်မှ ဆုံးဖြတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...