သီပေါမြို့နယ် ကျေးရွာ ကျောင်းဆရာများ ဒေသစရိတ် ထောက်ပံ့မှု မရ

သီပေါမြို့နယ် ကျေးရွာ ကျောင်းဆရာများ ဒေသစရိတ် ထောက်ပံ့မှု မရ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာတွင် တာဝန်ကျသည့် ကျောင်းဆရာ များ၏ ဒေသစရိတ်ထောက်ပံ့မှု မရရှိသေးကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း တခြားမြို့နယ်ရှိ ပညာရေးဝန်ထမ်းများသည် ဒေသစရိတ်ထောက်ပံ့မှုရရှိသော်လည်း သီပေါမြို့နယ် ကျေးရွာများတွင် လက်ရှိအချိန်ထိ မရသေးကြောင်းသိရသည်။

ထို့ကြောင့် ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၉ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေး က “ သီပေါမြို့နယ်အတွင်း ဝေးလံခေါင်ဖျား နှင့် ခရီးလမ်း ခက်ခဲသော ဒေသများရှိ ပညာရေး ဝန်ထမ်း ဆရာ/ဆရာမ များ၏ ဒေသစရိတ်များ ချီးမြှင့်ပေးရန် အစီစဉ် ရှိ/မရှိ ” ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုကို သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လှုမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မြို့နယ် ကော်မတီမှ သတ်မှတ်ချက် နှင့် မကိုက်ညီသောကြောင့် ထောက်ပံ့မှု မပေးခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း ပြည်ထောင်စု မှ ပြန်လည် တောင်းဆိုလာလျှင် ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း လွှတ်တော်အတွင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို ဖြေကြားမှု နှင့် ပတ်သက်ပြီး လွှတ်တော်အမတ် နန်းစမ်းစမ်းအေး က “ ကျမ တို့သီပေါက မြို့ပေါ်အတွက် မတောင်းဆိုဘူး။ မြို့နဲ့ အနည်းဆုံး ၁၇ မိုင်ကနေ မိုင် ၉၀ နဲ့ဝေးနေတဲ့ ကျေးရွာတွေ အတွက် ကျမတောင်းဆိုတာ။ မြို့နယ်က တင်ပြလာခြင်း မရှိတဲ့အတွက် ဆိုပြီးတော့ ဖြေသွားတာပေါ့နော်။ ဒါပေမယ့် ကျမ ဆက်လက်ပြီး စိစစ်ပြီး လုပ်ဆောင်သွားပါမယ်” ဟု နန်းစမ်းစမ်းအေး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းတုံ၊ မိုင်းရယ်၊တန့်ယန်း၊ မိုးမိတ်၊ မန်ပိန်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ လောက်ကိုင် စသည့်မြို့တို့တွင် မြို့ပေါ်အပြင် ကျေးရွာအုပ်စုတွေမှာလည်း ဒေသစရိတ် ခံစားခွင့် ရရှိထားကြောင်း လွှတ်တော်အမတ် နန်းစမ်းစမ်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သီပေါမြို့နယ်ရှိ ပညာရေး ဝန်ထမ်းတစ်ချို့မှာ စာသင်ကြားသည့်ဒေသသို့ သွားရာလမ်းခရီး ဝေးလံခက်ခဲခြင်း၊ လမ်းတစ်ဝက်တွင် ညအိပ်နားခြင်း၊ ဆရာ/ဆရာမ များအတွက် လုံခြုံမှု မရှိခြင်း တို့ ကြုံနေရကြောင်း သိရသည်။

ထိုဖြစ်ရပ်များသည် နောက်ပိုင်း ကျောင်းသားများဆီမှ စရိတ်ပြန်လည်တောင်းခြင်း ပိုက်ဆံကောက်ခြင်းစသည့် နောက်ဆက်တွဲ ပြဿနာဖြစ်လာပြီး ကျောင်းသားများ ကျောင်းစာအပေါ် စိတ်ဝင်စားမှု နည်းပါးလာခြင်း၊ ကျောင်းထွက်ခြင်းများလည်း ဆက်တိုက်ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

“ ကျမတို့ မြို့နယ်မှာရှိတဲ့ ဝန်ထမ်းတစ်ချို့ဆို လမ်းခရီးက တစ်အားဝေးတယ်။ လမ်းတစ်ဝက်မှာ ညအိပ်နားတာရှိတယ်။ ဆရာ ဆရာမတွေ အတွက်လည်း လုံခြုံမှုမရှိဘူး ဒီလိုမျိုးတွေဆက်ဖြစ်နေရင် စာသင်ကြားရေးမှာ ထိခိုက်လာနိုင်တယ်” ဟု နန်းစမ်းစမ်းအေး က ဆိုသည်။

ယခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက မူလဘတ်ဂျက် ကျပ် ၃၃၈၅.၈၂ ဘီလီယံ တောင်းခံထားရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျပ် ၁၁၈၄.၁၁ ဘီလီယံ၊ ပညာရေးဝန်ကြီးဌာနက ၂၇၁၁.၅၆ ဘီလီယံ တောင်းခံထားသည်ဟု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းများတွင် ဖော်ပြထားသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...