တောင်ကြီး တောင်ချွန်းသွားလမ်းတလျောက် သစ်ပင် ၂၀၀၀ ခန့် စိုက်ပျိုးမည်

တောင်ကြီး တောင်ချွန်းသွားလမ်းတလျောက် သစ်ပင် ၂၀၀၀ ခန့် စိုက်ပျိုးမည်

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ တောင်ချွန်းကိုဖောက်ထားသည့် ကားလမ်းတစ်လျှောက်မှာ ရှင်သန်မြေ အစိမ်းရောင် ကွန်ရက်အဖွဲ့မှ ဦးဆောင်ပြီး သစ်ပင် (၂၀၀၀) ခန့် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။

“တောင်ချွန်းကို ဖောက်ထားတဲ့ ကားလမ်းပေါ်မှာစိုက်တာပါ။ သစ်ပင်က အားလုံးပေါင်း ၁၇ ရက်နေ့က ၅၀၀ စိုက်ပါတယ်။ ဒီနေ့က (၃၀၀ ) စုစုပေါင်း (၈၀၀) စိုက်ပြီးသွားပါပြီ။ ၁ ထောင်ကျော် စိုက်ဖို့ ကျန်သေးတယ်” ဟု ရှင်သန်မြေ အစိမ်းရောင် ကွန်ရက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် အနေဖြင့်သစ်ပင် (၃၀၀) စိုက်ပျိုးခဲ့ကြောင်း ဒေါ်ချယ်ရီကျော်က ပြောသည်။

ရှင်သန်မြေ အစိမ်းရောင်ကွန်ရက်မှ ဦးဆောင်စိုက်ပျိုးပြီး တောင်ကြီးမြို့သူ၊ သား များနှင့် တခြား ပရဟိတ အဖွဲ့များလည်း ပူးပေါင်း ပါဝင် စိုက်ပျိုးကြကြောင်းသိရသည်။

တောင်ချွန်သွားရာလမ်းတလျောက် တွင် သစ်ပင်စိုက်ရသည့် အကြောင်းရင်းမှာ သစ်ပင်သည် ရာသီဥတုကို ထိန်းပေးခြင်း၊ အရိပ်အာဝါသ ကို ပေးဆောင်ခြင်း၊ သစ်ပင်မရှိပါက အပူချိန်မြင့်တက်လာပြီး တောင်ကြီးမြို့ရေဝေရေလဲစနစ် ပျက်စီးဆုံးရှုံးသွားမည်ကို ကာကွယ်သည့်အနေဖြင့်စိုက်ပျိုးခြင်းဖြစ်ကြောင်း ဒေါ်ချယ်ရီကျော်က ပြောသည်။

“မြေအောက်ရေကို အသုံးပြုနေရတဲ့ တောင်ကြီးမြို့က ရေဝေ ရေလဲ ပျက်စီးဆုံးရှုံးသွားမှာကို ကာကွယ်တဲ့အနေနဲ့ သစ်ပင်တွေ စိုက်ခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ချယ်ရီကျော် က ဆိုသည်။

တောင်ချွန်းကားလမ်းပေါ် ပြန်လည် စိုက်ပျိုးမည့် သစ်ပင်များမှာ ချယ်ရီပင်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ဝက်သစ်ချ၊ ငုရွှေဝါ၊ ငုစပ်ချယ်ရီ၊ ရေမြော၊ ရေသင်းဝံ စသည် တို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...