သျှမ်းတောင် ကိုဗစ် ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၄၇၀ ရှိ

သျှမ်းတောင် ကိုဗစ် ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၄၇၀ ရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တွင် ကိုဗစ်-၁၉ ဓါတ်ခွဲနမူနာ စစ်ဆေးရန်အတွက် အသွားအလာ ကန့်သတ်ထားသူ (၄၇၀) ခန့်ကို ရန်ကုန်အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာန (NHL) သို့ ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 ဇွန် ၁၈ ရက် ည ပိုင်းမှာ NHL သို့ ပို့ဆောင် စစ်ဆေးသွားမည် ဖြစ်ပြီး (၄၇၀) ဦးသည်အသွားအလာ ကန့်သတ်ထားသည့် သူများ ဖြစ်ကြောင်း သျှမ်းပြည် အထူး ရောဂါ နိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“၄၇၀ ဦးက အသွားအလာကန့်သတ်ထားတဲ့ သူတွေ ဖြစ်တယ်။ ကလောမှာက စောင့်ကြည့်လူနာ တစ်ယောက် ပါတယ်။ ဒီနေ့ည NHL သို့ ပို့ဆောင် စစ်ဆေးသွားပါမယ်” ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အသွားအလာကန့်သတ်ထားသူ အားလုံးသည် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ကလော၊ ဟိုပုံး၊ ဆီဆိုင် ၊ ပင်လောင်း ၊ ဖယ်ခုံ ၊ လွိုင်လင် ၊ ကျေးသီး၊ မိုင်းရှုး၊ လင်းခေး၊ မိုင်းပန် ၊ မောက်မယ်၊ မိုးနဲ့ နှင့် နမ့်စန် တို့ ဖြစ်သည်။

“စုစုပေါင်း ဒီညနေ့ ပို့ဆောင် စစ်ဆေးသွားမှာကတော့ (၄၇၃) ဦး ရှိပါတယ်။ အတည်ပြု လူနာ ၂ ဦးရဲ့ ဓါတ်ခွဲနာမူနာ အပါအဝင်ပါ။” ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တောင်ပိုင်းမှာ ဇွန် (၁၈) ရက်ထိ တို့ဖတ်နမူနာပေးပို့ထားပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၈၀၀) ကျော် ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...
January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...