လျှပ်စစ်တာဝါတိုင်အောက်တွင် မြေမြှုပ်မိုင်း နှစ်လုံးတွေ့

လျှပ်စစ်တာဝါတိုင်အောက်တွင် မြေမြှုပ်မိုင်း နှစ်လုံးတွေ့

လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာနှင့် ဒေါလိုရှေ့ ကျေးရွာ ကြား အမှတ် ၁၀၈ လျှပ်စစ် တာဝါတိုင် အောက်တွင် မြေမြှုပ် မိုင်းနှစ်လုံးကို ဒေသခံများ ဇွန်လ ၁၀ ရက်နေ့က တွေ့ခဲ့ကြောင်း  နိုးကိုးကျေးရွာ အုပ်ချုပ် ရေးမှူး ဦးရှားရယ်က ပြောသည်။

ယင်း တာဝါတိုင် အနီးအနားတွင် တောင်ယာလုပ်နေသူ တစ်ဦးက တိုက်မိုင်း တစ်လုံး နှင့် နင်းမိုင်း တစ် လုံးတို့ကို တွေ့ရှိခဲ့ပြီး အုပ်ချုပ်ရေမှူးမှ တဆင့် အစိုးရတပ်မတော်ကို အကြောင်းကြားပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

လာရောက် ကြည့်ခဲ့သည့် တပ်မတော်အရာရှိများက မိုင်းများကို မရှင်းလင်းသွားပေမယ့် လျှပ်စစ် တာဝါတိုင် အနီးအနားကို ဝါးများဖြင့် ကာပေးသွားကြောင်း သိရသည်။

 

မြန်မာနိုင်ငံ မြေမြုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့၏ ၂၀၁၇ခုနှစ် အထိရရှိသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ၅၃၇ဦး သေဆုံး ကာ ၃၅၃၈ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံး-ဒဏ်ရာရမှု အခြေအနေမသိရသူ ၁၁၈ဦးအထိရှိကြောင်း ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...