ရန်ကုန်တိုင်းဒေသကြီး စီမံဘဏ္ဍာရေးဝန်ကြီးသစ် ဦးရဲမင်းဦး ရွေးကောက်ပွဲဝင်မည်

ရန်ကုန်တိုင်းဒေသကြီး စီမံဘဏ္ဍာရေးဝန်ကြီးသစ် ဦးရဲမင်းဦး ရွေးကောက်ပွဲဝင်မည်

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲမင်းဦးသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာ အောင်ရှင်က မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံဖို့ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သွင်းထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က “ကျွန်တော်တို့ ဒဂုံမြို့နယ်ကနေပြိုင်တယ်လို့ကြားတယ်။ ဒဂုံအမှတ် (၂)ထင်တယ်။ အမှတ် (၁)လား ၊ အမှတ်(၂)လားတော့သေချာမသိပေမယ့် တိုင်းဒေ သကြီးအတွက်ပေါ့ ပြိုင်တယ်လို့ကျွန်တော်ကြားပါတယ်- ဟုမဇ္ဈိမ ကိုပြောဆိုခဲ့သည်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့်မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကိုဇွန်လ ၁၅ ရက်နေ့မှာအပြီးသတ်တင်သွင်းခဲ့ကြပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် ကိုယ်စားလှယ် လောင်းများစာရင်းအား ဇွန်လကုန်တွင်အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။

ဦးရဲမင်းဦးသည် NLD ပါတီ အာဏာမရရှိခင်အချိန်ကတည်းက ပါတီ၏ ဗဟိုစီးပွားရေးကော်မတီနှင့် ဗဟိုပြန်ကြားရေးကော်မတီတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်AGD၏ မန်နေးဂျင်းဒါရိုက်တာတစ်ယောက်ဖြစ်ခဲ့သော ဦးရဲမင်းဦးအနေဖြင့် နေပြည်တော်ဖွံဖြိုးရေးဘဏ် ဥက္ကဌတာဝန်ကိုလည်းထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဌ ရာထူးကနေ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန်ရာထူးခန့်အပ်ခံခဲ့ရသည်။

ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့်၎င်းအနေဖြင့် လက်ရှိမှာ နေပြည်တော်ဒုတိယမြို့တော်ဝန် နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပူးတွဲထမ်းဆောင်နေသည်။

ဦးရဲမင်းဦးသည် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ခေါင်းဆောင်တာဝန်ကိုလည်းထမ်းဆောင်နေသေးသည်။

ဦးရဲမင်းဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဒဂုံမဲဆန္ဒနယ်သည် ယခင်က NLD ပါတီမှ ဝင်ရောက်အရွေးခံခဲ့ပြီး လက်ရှိမှာ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒေါ်သက်သက်ခိုင် နှင့် ဦးကျော်ဇေယျတို့နှစ်ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်နယ်မြေလဲဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီက ဒုတိယဥက္ကဌ ဦးကျော်ဇေယျအနေဖြင့်ကတော့ ရွေးကောက်ပွဲဝင်ဖြစ်မယ်ဆိုရင် ဒဂုံမြို့နယ်မဲဆန္ဒနယ်ကနေဘဲ ကျိန်းသေပေါက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ မဇ္ဈိမကို ပြောဆိုခဲ့ပါသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...