ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် နိုင်ငံရေးပါတီ (၃၀) က တောင်းခံစာပို့ထား

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် နိုင်ငံရေးပါတီ (၃၀) က တောင်းခံစာပို့ထား

လာမည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြင်ဆင်ထားမှုအခြေအနေနှင့်  နိုင်ငံရေးပါတီများဘက်ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချိန်မီဆောက်ရွက်နိုင်ရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီ (၃၀) က ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခွင့် တောင်းခံစာပို့ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခွင့် တောင်းခံစာကို ဇွန်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပြင် နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော်ကာကွယ်ရေး စစ်ဦးချုပ်ရုံးတို့ကိုပါ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် တင်ပြတောင်းဆိုခြင်းဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။  

ဦးသိန်းထွန်းဦးက “ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြေအလည် ဆွေးနွေးလို့ရှိရင် ရလာဒ်ကောင်းတွေအများကြီးရမယ်။ ပိုပြီးတော့ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်တယ်။” ဟု ပြောသည်။

လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အင်မတန် အားနည်းနေသေး ကြောင်းလည်း ဦးသိန်းထွန်းဦးက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း ဇွန်လ (၄) ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပြောဆိုထားသည်။

ယင်းကြောင့်ရွေးကောက်ပွဲကျင်းပရန် အချိန် ငါးလခန့်သာ လိုတော့သည့်အတွက် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေးပါတီများနှင့် အလျှင်အမြန်တွေ့ဆုံရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများဘက်က ပြောဆို သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲတွင် မဲဆန္ဒရှင်များ၏ စာရင်းကောက်ယူမှု၊ ရွှေ့ပြောင်းမဲဆန္ဒရှင်များ စာရင်းကောက်ယူမှု၊ မဲပေးပုံစနစ်များနှင့် ကိုယ်စားလှယ် လောင်းများ အမည်စာရင်းပေးသွင်းမှုအပါအဝင် စုစုပေါင်း ၁၂ ချက်ကို ဆွေးနွေးသွားရန်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...