မူဆယ် သံသယ လူနာအမျိုးသမီး တဦးသေဆုံးမှု ကိုဗစ်ကြောင့်မဟုတ်

မူဆယ် သံသယ လူနာအမျိုးသမီး တဦးသေဆုံးမှု ကိုဗစ်ကြောင့်မဟုတ်

သျှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့ တွင် ကိုဗစ် သံသယလူနာ အမျိုးသမီးတဦး ဇွန်လ ၁၆ ရက်နေ့မနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ သံသယစောင့်ကြည့်လူနာအမျိုးသမီးသည် အသက် ၃၆ နှစ်အရွယ်ရှိ တရုတ်ပြည်တွင်သွားရောက်အလုပ်လုပ်ပြီး ပြန်လာသူဖြစ်ကြောင်း ၊ ဇွန်လ ၈ ရက်နေ့က မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေသူဖြစ်ကြောင်း မူဆယ်မြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒီနေ့မနက်ပိုင်းကပဲ ဆုံးသွားတာပါ။ ဒီနေ့ပဲသဂြိုလ်တာပါ။ သူက တရုတ်ပြည်က ပြန်လာတဲ့သူပါ။ သူမှာတော့ ကိုဗစ်-၁၉ ဓာတ်ခွဲမှု အဖြေ Negative ရထားတဲ့သူပါ။ အဓိက အဲ့အမျိုးသမီးက ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ရှိပါတယ်” ဟု ဒေါက်တာ ဟန်နိုင်စိုးက ဆိုသည်။

ထိုသံသယ စောင့်ကြည့်လူနာ အမျိုးသမီး ကိုဗစ်ကြောင့် သေဆုံးခြင်းဖြစ်မည်ကို မူဆယ် ဒေသခံများက စိုးရိမ်နေကြသည်။

လက်ရှိမူဆယ်မြို့တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ တဦးသာရှိပြီး ၎င်းသည် မူစယ်ဆေးရုံတွင်ဆေးကုသမှုခံယူနေသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီး ဖြစ်ပါသည်။

ယခုတပတ်အတွင်း မူဆယ်တွင် တရုတ်ပြည်မှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားအရေအတွက် နည်းပါးလာကြောင်းလည်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...