ပေါင်မြို့နယ်အချုပ်သားများ ကျိုက်မရောအကျဉ်းထောင်သို့ ယာယီရွှေ့ပြောင်းထား

ပေါင်မြို့နယ်အချုပ်သားများ ကျိုက်မရောအကျဉ်းထောင်သို့ ယာယီရွှေ့ပြောင်းထား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်ပေါင်မြို့မ ရဲစခန်းနှင့် မုတ္တမ နယ်မြေ ရဲစခန်းရှိ အချုပ်ခန်းများ ပြုပြင်ရန်အတွက် အချုပ်သားများကို ကျိုက်မရော အကျဉ်းထောင်သို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး ယာယီပြောင်းရွှေ့ထားကြောင်း သိရသည်။

police Carပေါင်မြို့နယ်ရဲစခန်းရှိ အမှုမပြီးပြတ်သေးသည့် အချုပ်သား အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ မုတ္တမနယ်မြေရဲစခန်းမှ အချုပ်သား ၅ ဦး စုစုပေါင်း အချုပ်သား ၃၉ ဦးတို့ကို ကျိုက်မရော အကျဉ်းထောင်တွင် ယာယီ ထားရှိရန် ပို့ဆောင်ထားပြီးဖြစ်သည်။

“လူ့အခွင့်ရေး ကော်မရှင်ရဲ့ ညွန်ကြားချက်နဲ့ အချုပ်ခန်း ပြင်ဖို့လုပ်တာပါ၊ ကျနော်တို့ ပေါင်မြို့က အချုပ်သားတွေ ထောင်ကျရင်သထုံအကျဉ်းထောင်ကို ပို့ရတယ်၊ သထုံအကျဉ်းထောင်က နေရာ အခက်ခဲကြောင့် ကျိုက်မရောအကျဉ်းထောင်မှာ ယာယီထားတာပါ။ အချုပ်ခန်းပြင်ပြီးတဲ့နေ့ လာပြန်ခေါ်မှာပါ” ဟု ပေါင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်ဝင်းက ပြောသည်။

ပေါင်မြို့မ ရဲစခန်း အချုပ်ခန်းကို မတ်လ ၁၅ ရက်နေ့အတွင်း ပြီးစီးနိုင်ရန် သတ်မှတ်ထားပြီး ပြုပြင်လျက်ရှိသည်ဟု တာဝန်ရှိသူက ပြောသည်။

“အချုပ်ခန်းတွေ ခဏ ပြင်ဖို့ ကျနော်တို့ဆီမှာ တစ်ပတ်ကြိုပြီး အချုပ်သားတွေ ယာယီထားဖို့ စာတင်ထားတယ်၊ ဒီနေ့ အချုပ်သားတွေကို လာပို့တယ်” ဟု ကျိုက်မရော အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးခင်မြင့်က ပြောသည်။

ပြောင်းရွှေ့ထားသည့် အချုပ်သားများသည် ယာဉ်တိုက်မှု၊ လိုင်စင်မဲ့ကားဖမ်းဆီးရမှုကြောင့် အချုပ်ကျနေသည့် သာမန် အချုပ်သားများ သာ ဖြစ်ကြောင်း ဒုရဲမှူး စိန်ဝင်းက ပြောသည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...