အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများဖွင့်ခွင့်ရပြီဖြစ်သော်လည်း ကျူရှင်၊ဘာသာရပ်သင် သင်တန်းများ ဖွင့်ခွင့်မပြုသေး

အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများဖွင့်ခွင့်ရပြီဖြစ်သော်လည်း ကျူရှင်၊ဘာသာရပ်သင် သင်တန်းများ ဖွင့်ခွင့်မပြုသေး

ပညာရေးဝန်ကြီးဌာလက်အောက်ရှိ အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအနေဖြင့် ဇူလိုင်လအတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း  ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းများမှာမူ ပြန်လည်ဖွင့်ခွင့် မရရှိသေးကြောင်း သိရသည်။

ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းများအား  ပြန်လည်ဖွင့်လှစ်ခွင့်မရရှိသေးခြင်းသည် COVID ကာကွယ်ထိန်း ချုပ် ကုသရေးအမျိုးသားအဆင့်ကော်မတီက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိသေးခြင်းကြောင့်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။

 “ဘာသာရပ်သင်ကျူရှင်ကေ တာ့ COVID ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ကော်မတီက ထုတ်ပြန်ထားတဲ့အထဲမှာ မပါသေး ဘူး။ မပါသေးတဲ့အတွက် ဖွင့်လို့မရဘူး” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက မဇ္ဈိမသို့ပြောသည်။

ထိုသို့ ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းကျောင်းများအား ဖွင့်လှစ်ရန်နှင့်ပိတ်ရန်အတွက် အခြေခံပညာဦးစီး ဌာနအနေဖြင့် ပြောဆိုခွင့်မရှိဘဲ COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ကော်မတီ၏ ညွန် ကြားချက်အပေါ်သာမူတည်ကြောင်းလည်း ၎င်းကဆိုသည်။

 “ ကိုယ်ပိုင်ကျောင်းတွေက အခြေခံမှာလျှောက်ပြီးတော့ သတ်မှတ်ထားတဲ့မူအတိုင်းဖွင့်ရတာ။ မူလတန်းအဆင့် သင်ကျောင်းရှိတယ်။ အလယ်တန်းအဆင့် အထက်တန်းအဆင့်ဆိုပြီးသွားတာ။ အခြေခံပညာက သင်ရိုးအ တိုင်းသွားတာ။ ဘာသာရပ်သင် သင်တန်းကျတော့ ဆရာတစ်ယောက်ကို သုံးဘာသာပဲသင်ရတာ။ မတူဘူး။ အဲဒီလိုတော့ ကွဲပြားတယ်။ အခုသူတို့တွေကို ဖွင့်ဖို့ကျတော့ ဘာညွှန်ကြားချက်မှ မရှိသေးဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

သို့သော် ဘာသာရပ်သင် သင်တန်းဖွင့်လှစ်သူများကမူ သင်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန် မျှော်လင့်ကြောင်းနှင့် ဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ လမ်းညွန်ချက်များ အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

COVID-19 ကာလအတွင်း လူစုလူဝေးမဖြစ်စေရေး၊ ရောဂါကူးစက်မှုမဖြစ်စေရေးအတွက် အခြေခံကျောင်းများ၊ အဆင့်မြင့်တက္ကသိုလ်များနှင့် ရုပ်ရှင်ရုံများအပါအဝင် ဇွန်လကုန်အထိ ဆက်လက်ပိတ်ထားရမည်ဖြစ်ကြောင်း အမျိုးသားအဆင့် COVID ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီက ထုတ်ပြန်ထားသည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...