အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများဖွင့်ခွင့်ရပြီဖြစ်သော်လည်း ကျူရှင်၊ဘာသာရပ်သင် သင်တန်းများ ဖွင့်ခွင့်မပြုသေး

အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများဖွင့်ခွင့်ရပြီဖြစ်သော်လည်း ကျူရှင်၊ဘာသာရပ်သင် သင်တန်းများ ဖွင့်ခွင့်မပြုသေး

ပညာရေးဝန်ကြီးဌာလက်အောက်ရှိ အစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအနေဖြင့် ဇူလိုင်လအတွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း  ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းများမှာမူ ပြန်လည်ဖွင့်ခွင့် မရရှိသေးကြောင်း သိရသည်။

ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းများအား  ပြန်လည်ဖွင့်လှစ်ခွင့်မရရှိသေးခြင်းသည် COVID ကာကွယ်ထိန်း ချုပ် ကုသရေးအမျိုးသားအဆင့်ကော်မတီက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိသေးခြင်းကြောင့်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။

 “ဘာသာရပ်သင်ကျူရှင်ကေ တာ့ COVID ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ကော်မတီက ထုတ်ပြန်ထားတဲ့အထဲမှာ မပါသေး ဘူး။ မပါသေးတဲ့အတွက် ဖွင့်လို့မရဘူး” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက မဇ္ဈိမသို့ပြောသည်။

ထိုသို့ ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းကျောင်းများအား ဖွင့်လှစ်ရန်နှင့်ပိတ်ရန်အတွက် အခြေခံပညာဦးစီး ဌာနအနေဖြင့် ပြောဆိုခွင့်မရှိဘဲ COVID-19 ကာကွယ်၊ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ကော်မတီ၏ ညွန် ကြားချက်အပေါ်သာမူတည်ကြောင်းလည်း ၎င်းကဆိုသည်။

 “ ကိုယ်ပိုင်ကျောင်းတွေက အခြေခံမှာလျှောက်ပြီးတော့ သတ်မှတ်ထားတဲ့မူအတိုင်းဖွင့်ရတာ။ မူလတန်းအဆင့် သင်ကျောင်းရှိတယ်။ အလယ်တန်းအဆင့် အထက်တန်းအဆင့်ဆိုပြီးသွားတာ။ အခြေခံပညာက သင်ရိုးအ တိုင်းသွားတာ။ ဘာသာရပ်သင် သင်တန်းကျတော့ ဆရာတစ်ယောက်ကို သုံးဘာသာပဲသင်ရတာ။ မတူဘူး။ အဲဒီလိုတော့ ကွဲပြားတယ်။ အခုသူတို့တွေကို ဖွင့်ဖို့ကျတော့ ဘာညွှန်ကြားချက်မှ မရှိသေးဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

သို့သော် ဘာသာရပ်သင် သင်တန်းဖွင့်လှစ်သူများကမူ သင်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန် မျှော်လင့်ကြောင်းနှင့် ဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ လမ်းညွန်ချက်များ အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

COVID-19 ကာလအတွင်း လူစုလူဝေးမဖြစ်စေရေး၊ ရောဂါကူးစက်မှုမဖြစ်စေရေးအတွက် အခြေခံကျောင်းများ၊ အဆင့်မြင့်တက္ကသိုလ်များနှင့် ရုပ်ရှင်ရုံများအပါအဝင် ဇွန်လကုန်အထိ ဆက်လက်ပိတ်ထားရမည်ဖြစ်ကြောင်း အမျိုးသားအဆင့် COVID ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...