နေရပ်ပြန် ရွှေ့ပြောင်းများ ၂ ကြိမ် ဓါတ်ခွဲစစ်ဆေးပြီးမှ ပြန်ခွင့်ပြု

နေရပ်ပြန် ရွှေ့ပြောင်းများ ၂ ကြိမ် ဓါတ်ခွဲစစ်ဆေးပြီးမှ ပြန်ခွင့်ပြု

နန်းဆိုင်ဖူး — ၁၅ ရက်အတွင်း ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၀၀၀ ကျော်ရှိပြီး  ဓာတ်ခွဲခန်း နမူနာ ၂ကြိမ်စစ်ဆေးပြီးမှ သာ နေအိမ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည် ။

 မေ ၂၇ ရက်မှ ဇွန် ၁၁ရက်ထိ ထိုင်းနိုင်ငံ မဲဆောက်မှ တဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ ဘက်မှ ပြန်လည် ဝင်ရောက်လာသည့် သျှမ်းပြည်သား နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၁၂၁၉  ဦးရှိကြောင်းသိရသည်။

အဆိုပါနေရပ်ပြန်များသည် တောင်ကြီးမြို့နယ်အတွင်းသတ်မှတ်ထားသည့်  Facility Quarantine  စခန်း ၁၀ ခု တွင်  အသီးသီးရောက်ရှိပြီး  ၅ ရက်မြောက်နေ့တွင် ဓာတ်ခွဲနမူနာ စတင်စစ်ဆေးကြောင်း သျှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဌ ဖြစ်သူ သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ စစ်ပြီး အဖြေက Negative ဆိုရင် သူတို့ မြို့ကို ပြန်ချင်ရင် ပေးပြန်တယ်။ နောက် သူတို့မြို့မှာ သတ်မှတ်ထားတဲ့ Quarantine စခန်းမှာ အနည်းဆုံး ၁၀ ရက် ၁ ပတ်နေပြီး နောက်တကြိမ်swab ကိုယူပြီး  စစ်ပါတယ် အဲဒီ ၂ ကြိမ်လုံး Negative  ဖြစ်ပြီဆိုမှ ကိုယ့်အိမ်ကိုယ်ပြန်ခွင့်ပြုမှာပါ ” ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြဝတီဘက်မှ လက်ရှိဝင်ရောက်လာသူ ၁၂၁၉  ဦးတွင် ဓါတ်ခွဲနမူနာ  ၆၆၃  ဦး စစ်ဆေးထားရာ  ၃၆၈ ယောက် မှာ Negative  အဖြေထွက်ထားကြောင်း ကျန်သည့်  ၂၉၅  ဦးအဖြေစောင့်ဆိုင်း ထားကြောင်း သိရသည်။

ကျန်သည့် Swab ယူရန် ကျန်ရှိသည့် (၅၅၆) ဦးသည် သတ်မှတ်ရက် မပြည့်သေးသည့်အတွက် ဓါတ်ခွဲနမူနာ မယူရသေးကြောင်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...