သျှမ်းပြည်တွင်း နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၄သောင်းကျော်ရှိ

သျှမ်းပြည်တွင်း နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၄သောင်းကျော်ရှိ
Photo by U Htun Maesai/ ဧပြီ၆ရက်တွင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ ရှိ တံတား(၂) သို့ ပြန်တော်ပြန်ဝင်လာသည့် ပုံ
Photo by U Htun Maesai/ ဧပြီ၆ရက်တွင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ ရှိ တံတား(၂) သို့ ပြန်တော်ပြန်ဝင်လာသည့် ပုံ

နန်းဆိုင်ဖူး — သျှမ်းပြည်နယ်တွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သျှမ်းပြည်တွင်း ပြန်လည်ဝင်ရောက်လာသူ ၄ သောင်းကျော် ရှိပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ မှ စပြီး ဇွန် လ ထိ သျှမ်းပြည်တွင်းရှိ သက်ဆိုင်ရာ နယ်စပ်ဂိတ်မှာ တဆင့် ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်း (၄၂၉ ၉ ၅) ဦး ရှိပြီ ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သျှမ်းပြည်နယ်တစ်ခုလုံးမှာ Facility Quarantine (၅၁၇) နေရာ ပြုလုပ်ထားတယ်” ဟု လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို မြန်မာ ရွေ့ပြောင်း အလုပ်သမားများသည် မူဆယ် ရွှေနန်းတော်ဂိတ်၊ လောက်ကိုင် ချင်းရွှေဟော်ဂိတ် ၊ တာချီလိတ် တံတားအမှတ် (၂) နှင့် မြဝတီ နယ်စပ် ဂိတ် တွေမှာ အသီးသီး ပြန်လည် ဝင်ရောက်လာကြသည်။

“ကျနော်တို့မှာတော့ တခြား တိုင်း နဲ့ ပြည်နယ် သူတွေကိုတော့ Facility Quarantine မထားဘူး။ သျှမ်းပြည်ထဲက သူတွေပဲ facility Quarantine ထားတယ်” ဟု ဒေါက်တာ မျိုးထွန်း ကပြောသည်။

မူဆယ်ဂိတ် ၊လောက်ကိုင် ချင်းရွှေဟော်ဂိတ် မှပြန်လည် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု သည် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း တို့ အများစု ဖြစ်ကြသည်။

“တခြားတိုင်း နဲ့ ပြည်နယ် က သူတွေ ဆိုရင်တော့ သက်ဆိုင်ရာ သျှမ်းမြောက်ဆိုရင် ကား နဲ့ လားရှိုးကို ပို့တယ်။ လားရှိုးကနေ တဆင့် ရထားနဲ့ သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် ကို ပြန်ပို့ပေးတယ်” ဟု ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တွင်း ပြန်လည် ဝင်ရောက်လာသူ (၄၀၀၀၀) ကျော် သည် Quarantine ပြည့်ပြီး ပြန်သွားသူ ( ၃၀၀၀၀) ကျော် ရှိပြီး လက်ရှိချိန်ထိ Home Quarantine (၅၀၀၀) ကျော် နှင့် Facility Quarantine ( ၁၀၀၀) ကျော် ကျန်ရှိထားကြောင်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...