ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်အရာရှိတစ်ဦး ဓားထိုးခံရ၊ တပ်သားတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်အရာရှိတစ်ဦး ဓားထိုးခံရ၊ တပ်သားတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို အမည်မသိ အမျိုးသား ၈ ဦးခန့်မှ ဓား၊ သံတုတ်များဖြင့် ဝိုင်းဝန်းထိုးနှက်သည့်ဖြစ်စဉ် ဇွန်လ ၁၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်တွင် အမည်မသိလူများမှာ တပ်အရာရှိထံမှ ပစ္စတိုသေနတ်ကိုလုယူသွားခဲ့ပြီး ရိုက်နှက်ခံရသဖြင့် မေ့မျောနေသည့် တပ်သားကိုဖမ်းဆီးခေါ်ဆောင်ကာ ဆိုင်ကယ် ၅ စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်က ဆိုသည်။

တပ်အရာရှိတွင် ဓားထိုးခံရခြင်း၊ သံတုတ်ဖြင့်ရိုက်နှက်ခံရခြင်းများကြောင့် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းနှင့် လိုအပ်သောဆေးကုသမှု ခံယူလျက်ရှိကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပုဏ္ဏားကျွန်းမြို့(၅၅၀)တပ်ရင်း မှ တပ်မတော်သားနှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့တွင် ဈေးဝယ်ယူနေရာ၌ ဈေးအနီးရှိ ဧစေတီဘုရားအနီးတွင် အမည်မသိသူများမှ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“တပ်မတော် အရာရှိတစ်ဦး မြို့ထဲကဧစေတီနားမှာ ဓားထိုးခံရတယ်။ ဒဏ်ရာအခြေအနေကိုတော့ မသိဘူး”ဟု ဦးအောင်သန်းတင်က ပြောသည်။

ယခုကဲ့သို့ တပ်မတော်သားနှစ်ဦးအား ဓား၊ သံတုတ်များဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့သူများမှာ AA အဖွဲ့ဝင်များ၊ ၎င်းတို့နှင့်ဆက်စပ်ပတ်သက်သူများဖြစ်နိုင်ကြောင်း တပ်မတော်က စွပ်စွဲထားသည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ယနေ့ညနေပိုင်းအထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးလည်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူနိုင်ရေးနှင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် တပ်မတော်သားအား ပြန်လည်ရရှိရေးတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...