ပြိုကျသည့် ပင်လောင်း ဟော်နန်း ပြန်လည်ထိန်းသိမ်းမည်

ပြိုကျသည့် ပင်လောင်း ဟော်နန်း ပြန်လည်ထိန်းသိမ်းမည်

နန်းဆိုင်ဖူး — ပြိုကျခဲ့သည့် နှစ်ပေါင်းရာချီရှိသည့် ပင်လောင်းဟော်နန်းကို ပြန်လည် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၉ ရက်တွင် ပြိုကျခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့၏ နှစ်ပေါင်းရာချီ အမွေအနှစ်ဟော်နန်းကို ပြန်လည် ထိန်းသိမ်းရန် အတွက် ဇွန် ၂ ရက်နက် ၆ နာရီမှာ သျှမ်းရိုးရာ ထုံးတမ်းအစဉ်အလာဖြင့် ခွင့်တောင်းပွဲကို မွေတော်ပရိယတ္တိ စာသင်တိုက် ဆရာတော်က လာရောက်ချီးမြှင့် ပေးခဲ့သည်။

“ဟော်နန်း ပြန်လည် ထိန်းသိမ်းတဲ့ သဘောပဲပေ့ါ။ သူ့ရဲ့အုတ်ရိုးတွေ အုတ်ခုံတွေ မပျက်စီးသွားအောင် ပြိုနေတဲ့အရာကိုလည်း ပြိုတဲ့အတိုင်းပဲ ထားထားမှာပါ” ဟော်နန်းကို ပြန်လည်ပြုပြင်ဖို့အတွက် တက်ကြွလှုပ်ရှားသူ ဖြစ်သည့် စိုင်းခွန်မိန်းခမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ မပျက်စီးသေးသည့် အုတ်ရိုး၊ အုတ်ခုံများကို ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ မြို့ဟောင်းများ ထိန်းသိမ်းသကဲ့သို ဆက်လက်ထိန်းသိမ်းသွားမည် ဟု စိုင်းခွန်မိန်းခမ်း ကပြောပြသည်။

“ရန်ပုံငွေ ရှိပြီးတော့ ထလုပ်တာမျိုးမဟုတ်ဘူး။ ခန့်မှန်းခြေ သိန်း ၅၀ လောက်ကုန်မယ်။ ရှာလိုက် လုပ်လိုက်တဲ့နဲ့ပဲ ငွေရေး ကြေးရေးတော့ အခက်ခဲ ရှိတယ်” ဟု စိုင်းခွန်မိန်းခမ်း က ဆိုသည်။

ပင်လောင်းမြို့သည် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည့်ပတ်မှု များပြားသည့်အတွက် ဟော်နန်း၏ သမိုင်းအထောအထားများ ပြသပြီး ဟော်နန်းကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်သည်။

ပင်လောင်း ဟော်နန်းပြန်လည် ထိန်းသိမ်းရန်အတွက် ဟော်နန်း မိသားစုဝင်များ၊ သျှမ်းလူငယ်များ ၊ သျှမ်းသံယာတော်များ ပူးပေါင်းပြီး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...
December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...