တာချီလိတ်တွင် ထိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦး ရောက်ရှိ

တာချီလိတ်တွင် ထိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦး ရောက်ရှိ

နန်းဆိုင်ဖူး — ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် ထိုင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၆၄ ဦး ရောက်ရှိ ကြောင်း စုံစမ်း သိရှိရသည်။

နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများသည် ဇွန်လ ၉ ရက် နေ့လည် ၂ နာရီမှာ တာချီလိတ် – မယ်ဆိုင် တံတားအမှတ် (၂) တွင် စတင်လက်ခံပြီး တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာ ရိပ်သာတွင် Quarantine ထားကြောင်း သိရသည်။

ထိုင်းမှ ပြန်လာသူများတွင် ထိုင်ထောင်တွင် ပြစ်ဒဏ်စေ့ပြီး ပြန်လွှတ်လာသူ ၁၃ဦး ပါဝင်ပြီး၊ ထိုင်းနိုင်ငံ မယ့်ဖှလုံတက္ကသိုလ်တွင် ကျောင်းတက်နေသည့် မြန်မာနိုင်ငံသား ( ၁၉ ) နှင့် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၃၂ဦးတို့ရှိကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ရောက်တာနဲ့ ဓါတ်ခွဲ နမူနာယူပြီးတော့ ပို့ပါ့မယ်။ Negative ဖြစ်ရင် ပြန်လွှတ်ပါပြီ” ဟု ဦးချမ်းမြေ့စော က ပြောသည်။

ဇွန် ၅ရက်တွင်လည်း တာချီလိတ်- မယ်ဆိုင် တံတား အမှတ်(၂) တွင် ထိုင်းဘက်မှ နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ လွှဲပြောင်းသူ ၇၆ဦးရှိခဲကြောင်းသိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...