မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်၏ KBZ pay မှ ငွေကျပ် ၁၀ သိန်း ခိုးထုတ်မှုတွင် ၂ ဦးကို ဖမ်းဆီး

မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်၏ KBZ pay မှ ငွေကျပ် ၁၀ သိန်း ခိုးထုတ်မှုတွင် ၂ ဦးကို ဖမ်းဆီး

မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်၏  KBZ pay ကို အဆင့်မြှင့်တင်ရန်ပြောပြီး ငွေကျပ် ၁၀သိန်း ထုတ်ယူသွားခဲ့သူဆိုသူ နှစ်ဦးကို တောင်ကြီးမြို့တွင် ဖမ်းမိထားကြောင်း ယင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်မီမီခင်က မဇ္ဈိမသို့ ဇွန်လ ၁၀ရက်က ပြောသည်။

“ ဧပြီလတုန်းကဖြစ်တာကို အခုမှ အမှုဖွင့်ပေးလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ KBZ ဘဏ်ကနေဖမ်းပေးထားပြီး ရဲလက်ကိုအပ်ထားလိုက်ပါပြီ။ မိတာကတော့ တောင်ကြီးမှာမိတာပါ။ ဘဏ်ကသိရတာကတော့ သူတို့က တော်တော်များများကို လိမ်ထားတာပါ။” ဟု မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ မီမီခင်က မဇ္ဈိမသို့ပြောသည်။

ငွေလိမ်လည်ထုတ်မှုတွင် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကို လက်ရှိတွင်တောင်ကြီးအမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဆက်သွယ်ရေးဥပဒေပုဒ် ၆၆(ဂ)တို့ဖြင့် ငွေလိမ်လည်ခံရသူများက အမှုဖွင့်ထားကြောင်း သိရသည်။

COVID-19 ကာလအတွင်းတွင် ဘဏ်ဝန်ထမ်းယောင်ဆောင်ကာ KBZ pay အဆင့်မြှင့်တင်ပေးမည်ဟု ဆိုကာ အချက်အလက်များဖြစ်သည့် မှတ်ပုံတင်အမှတ်၊ pin အမှတ် လျှို့ဝှက်နံပါတ်များ တောင်းခံပြီး ဧပြီလ ၂၈ရက် တစ်နေ့တည်း တစ်ကြိမ်လျှင် ငွေကျပ် သုံးသိန်းဖြင့် သုံးခါနှင့်  ငွေကျပ်တစ်သိန်း တစ်ခါထုတ်ယူ သွားခြင်းဖြစ်သည်ဟု ဆိုသည်။

သံသယရှိသူများသည် COVID-19 ကာလအတွင်းဖြစ်သည့် ဧပြီလအတွင်းတွင် မိတ္ထီလာကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် လေးဦးခန့်တို့၏  KBZ payများမှတဆင့် ငွေလိမ်လည်ထုတ်ယူခဲ့ကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...