လက်နက်ကိုင်အဖွဲ့မှဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ်မှ ဦးသန်းရွှေကိုလွှတ်ပေးရန် FSWG အဖွဲ့ တောင်းဆို

လက်နက်ကိုင်အဖွဲ့မှဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ်မှ ဦးသန်းရွှေကိုလွှတ်ပေးရန် FSWG အဖွဲ့ တောင်းဆို

အောင်ထိန် — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ ဖမ်းဆီးခံထားရသည့်အမျိုးသားကို ပြန်လွှတ်ပေးရန် စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(FSWG) က ဇွန်လ ၆ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန် တောင်းဆိုထားသည်။

ဘူးရွှေမော်ကျေးရွာမှ ဦးသန်းရွှေကို မေလ ၅ ရက်နေ့က နေအိမ်တွင်ရှိနေစဉ် အရပ်ဝတ်ဝတ်ဆင်ထားသည့် အမည်မသိလူ ၅ ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးသန်းရွှေသည် စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေး(FSWG )အဖွဲ့မှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် ဆောင်ရွက်ရန်အတွက်ဖွဲ့စည်းထားသော ကမ်းရိုးတန်းဒေသန္တရကွန်ရက်မှာ အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ဦးသန်းရွှေကို မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာ တွင် ထိန်းသိမ်းထားသည်နှင့်ပတ်သက်၍ သတင်းအစအန မသိရှိရသဖြင့် FSWG အဖွဲ့ဝင်များမှ လွန်စွာစိတ်ပူ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သူဟာ နိုင်ငံရေးကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခြင်းမရှိဘဲ လူမှုအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရပ်ဘက် အဖွဲ့အစည်းအခန်းကဏ္ဍမှာ ရပ်တည်ပြီးတော့ လုပ်ဆောင်နေသူဖြစ်တဲ့အတွက် သူ့ရဲ့မိသားထံကို ကျန်းမာစွာနဲ့ ပြန်လည်ပို့ဆောင်ပေးစေလိုတယ်” ဟု FSWG က ဆိုသည်။

ဦးသန်းရွှေအား အေအေမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်က မေလ ၅ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

လက်ရှိ ဦးသန်းရွှေဖမ်းဆီးခံရသည်မှာ တစ်လကျော်ရှိနေပြီဖြစ်ကာ ၎င်းနှင့်ပတ်သက်၍ သတင်းအချက်အလက် များကိုလည်း တစ်စုံတရာမသိရှိရသေးသဖြင့် စိုးရိမ်နေကြောင်း ညီဖြစ်သူ ဦးမောင်သန်းကဆိုသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...