ရခိုင်မှာ တစ်လအတွင်း အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ ၁၃ ဦးရှိ ၊ ၆၅ ဦးမှာ ဖမ်းဆီးခံထားရ

ရခိုင်မှာ တစ်လအတွင်း အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ ၁၃ ဦးရှိ ၊ ၆၅ ဦးမှာ ဖမ်းဆီးခံထားရ

မင်းထွန်း — ရခိုင်ပြည်နယ်အတွင်းတွင် ထောင်ဒဏ်တစ်သက်တစ်ကျွမ်းအထိ ချမှတ်ခံရနိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲခံရသူမှာ ပြီးခဲ့သည့် မေလအတွင်းက ၁၃ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

သတင်းမီဒီယာများနှင့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များမှ ကောက်ယူထားသည့်စာရင်းများအရ မေလအတွင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသူ ၁၃ ဦးနှင့် တရားစွဲမခံရသေးဘဲ ဖမ်းဆီးခံထားရသူ ၆၅ ဦးအထိရှိခဲ့ကြောင်း AAPP ၏ ဇွန်လ ၅ ရက်နေ့ထုတ်ပြန်ချက်က ဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားခံထားရသူများမှာ မောင်တော၊ တောင်ကုတ်နှင့် ရသေ့တောင်မြို့နယ်များမှဖြစ်ကြပြီး ဖမ်းဆီးခံထားရသူများမှာ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်များမှ ဖြစ်ကြသည်ဟုဆိုသည်။

“၇၈ ယောက်အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အထဲမှာ ၁၃ ယောက်ဟာ တရားစွဲဆိုခံထားရတယ်။ ကျန်တဲ့ ၆၅ ယောက်ကျတော့ တရားစွဲမခံရသေးဘူး” ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။

(AA/ULA)ကို မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက မတ်လ ၂၃ ရက်နေ့တွင် ကြေငြာပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းမှ အရပ်သားများ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရမှုမှာ များပြားလာနေသည်ဟု ဝေဖန်မှုများရှိနေသည်။

ယင်းသို့ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် မကြေငြာမီ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိစာရင်းအရ ရခိုင်ပြည်နယ်အတွင်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူထားသည့်အမှုပေါင်း ၁၀၉ မှုရှိခဲ့ကြောင်း ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းမှ ပြည်နယ် လွှတ်တော်အတွင်း တင်ပြချက်များအရ သိရသည်။

ထိုသို့ အရပ်သားများကို သံသဖြင့်ဖမ်းဆီးစစ်ဆေးစဉ်ကတည်းက အမှန်တကယ် အကြမ်းဖက်အဖွဲ့အစည်းနှင့် ပတ်သက်မှု ရှိ/မရှိ စစ်ဆေးပြီးမှ တရားစွဲဆိုသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“အခုကျတော့ ထစ်ကနဲဆိုရင် အကြမ်းဖက်ဥပဒေနဲ့စွဲတယ်၊ တရားရုံးကျမှ ပြန်လွတ်သူလွတ်ဆိုတော့ ကာယကံရှင်တွေအတွက် အများကြီးနစ်နာတယ်။ အဲဒါကြောင့် ဒီဟာတွေက အမှန်တကယ် ဟုတ်တယ်ဆိုရင် ပြဿနာမဟုတ်ပါဘူး၊ မဟုတ်ဘဲခံရသူတွေအတွက်တော့ နစ်နာဆုံးရှုံးမှုတွေရှိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာလည်း အေအေနှင့်ဆက်နွယ်သည် ဆိုသော စွပ်စွဲချက်များဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုမှုများရှိနေသည်။

ထို့ကြောင့် ရပ်/ကျေးကျေးရွာအုပ်ချုပ်ရေးမှူးများ မြို့နယ်လုံးကျွတ် နှုတ်ထွက်စာတင်လိုက်သဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများတွင် ထိခိုက်မှုရှိလာနေသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...