မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဌ သေနတ်ပစ်သတ်ခံရ

မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဌ သေနတ်ပစ်သတ်ခံရ

Nang Seng Nom — သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေး အဖွဲ့ ဥက္ကဌ ဦးကောရွှေဝင်းသည်  ဇွန် ၆ ရက် မွန်းလွှဲပိုင်းတွင် သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ယဇွန် ၆ ရက် မွန်းလွှဲပိုင်းတွင် မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေး အဖွဲ့ ဥက္ကဌ ဦးကောရွှေဝင်း အသက် ၅၀ နှစ်သည် မန်စန်းရွာ ရှိ တောင်ယာတွင် အလုပ်လုပ်နေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့ကြောင်း သိရသည်။

“ သေနတ်ပစ်တဲ့ ဒဏ်ရာကတော့ ၆ချက်ပါ။ တောင်ယာ အလုပ်လုပ်နေရင် သေနတ်ပစ်ခံရတာပါ။ ဘယ်အဖွဲ့ ကလာပစ်တယ်ဆိုတာ စုံစမ်းဆဲပါ” ဟု ကျောက်မဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဦးကောရွှေဝင်းသည် နောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ ကျောလယ်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ကျောယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ခါးဆစ်ယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ချက် နှင့် မျက်နှာပွင့် ထွက် ဒဏ်ရာ၊ရင်ညွှန့်ဖောက်ထွက် ဒဏ်ရာ တချက် တို့ဖြစ်ကြောင်း ၎င်း ရဲအရာရှိက ပြောသည်။

အဆိုပါ တောင်ယာတွင် ဦးကောရွှေဝင်း နှင့် ဇနီး ဖြစ်သူ ဒေါ်နန်းခမ်းအေး တို့ သည် အတူတူ နေ့လည်စာစားပြီး၊ အလုပ် ပြန်လုပ်ရန် သေဆုံးသူ ဦးကောရွှေဝင်း တောင်ယာသို့ သွားနေစဉ် သေနတ်ပစ်ခံရခြင်းဖြစ်ကြာင်း၊ မည်သည့် အဖွဲ့က လာရောက်ပစ်ခတ်သည်ကို မတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဦးကောရွှေဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံကို စုံစမ်းနေဆဲဖြစ်ပြီး၊ (ပ) ၅၅/၂၀၂၀ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စုတွင် ဇန်နဝါရီ ၂၂ရက် ၌ မိုင်းတင်း ကျေးရွာ အုပ်စု ရပ်ကျေး စာရေး အမျိုးသားတဦး သေနတ်ပစ်ခံရပြီး ဖေဖော်ဝါရီလတွင် အရပ်သား တဦး အသတ်ခံရခဲ့ရသည်။

ထိုပြင် ၂၀၁၉ ခုနစ် နိုဝင်ဘာ တွင် ကျောက်မဲမြို့ စားသောက်ဆိုင် တခု၌ မိုင်းတင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ဦး လည်း သေနတ်ပစ်သတ်ခံရခဲ့သည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...