မြန်မာနဲ့ အဆက်သွယ်ပြု ဆေးရောင်းသူတစ်ဦး ထိုင်းရဲ ဖမ်းဆီး

မြန်မာနဲ့ အဆက်သွယ်ပြု ဆေးရောင်းသူတစ်ဦး ထိုင်းရဲ ဖမ်းဆီး

မြန်မာနိင်ငံသား တစ်ဦးနှင့် အဆက်အသွယ်ရပြီး ထိုင်းနယ်စပ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေသည်ဆိုသော အသက် ၂၂ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ယမန်နေ့ထုတ် ထိုင်းဘာသာဖြင့် ရေးထား‌သော khaosod သတင်းဌာနတွင် ဖော်ပြထားသည်။

သတင်းပေးချက်အရ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိ ၎င်း၏နေအိမ်တွင် အင်္ဂါနေ့က သွားရောက်ရှာဖွေရာ ရာဘဆေးပြား ၂၀၂၀၀၀ နှင့် အိုက်စ် ငါးကီလို ဂရမ် အပြင် တယ်လီဖုန်း ဆင်းကဒ် ၄၂ ခု တို့ကို သိမ်းဆည်းရမိခဲ့ ခြင်း ဖြစ်ကြောင်း khaosod က ဖော်ပြထားသည်။ ဖမ်းမိထားသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ဘတ်ငွေ ၄ သန်းခန့် ရှိကြောင်း သိရသည်။

အဖမ်းခံထားရသူ ထိုင်းနိုင်ငံသား၏ စစ်ဆေး ထွက်ဆိုချက်အရ ဖမ်းဆီးခံနေရစဉ် ဖုန်းဖြင့် ဆက်သွယ်လာသူတစ်ဦးမှာ နယ်စပ်တွင် မူးယစ်ဆေးဝါး လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အားဖိုး ဆိုသူ ဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။

 မူးယစ်ဆေးဝါးလက္ကားပို့သူ မြန်မာနိုင်ငံသားသည် ထိုင်းနယ်စပ်တွင်နေထိုင်ပြီး ပုဂ္ဂလိက စာတိုက်ပို့ဆောင်ရေးကိုအသုံးပြုကာ မူးယစ်ဆေးဝါးများ ပို့ဆောင်ပေးနေသူ ဖြစ်သည်ဟု သိရသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...