ကျိုင်းတုံ ကိုဗစ် Positive လူနာအားလုံး ဆေးရုံဆင်းခွင့်ရ

ကျိုင်းတုံ ကိုဗစ် Positive လူနာအားလုံး ဆေးရုံဆင်းခွင့်ရ

နန်းဆိုင်ဖူး — သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် positive အတည်ပြုလူနာ မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လ ၅ ရက်နေ့တွင်ပင်  လူနာ အမှတ် (၁၁၂) သည် ဆေးရုံမှ ဆင်းခွင့်ရပြီး ဖြစ်ကြောင်း သိရသည်။

“ဒီမနက် (၁၀) နာရီ ကပဲ ဆေးရုံကဆင်းခွင့်ရပြီ။ Home Quarantine ၇ ရက် ထပ်နေရမယ်။” ဟု ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာလှဌေးမင်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အတည်ပြု လူနာ အမှတ် (၆၄) သည်လည်း ၂ ကြိမ်ဆက်တိုက် negative ဖြစ်ပြီး ယခုအချိန်တွင်မူ ဆေးရုံ၌ ၁၄ ရက် စောင့်ကြည့်ထားကြောင်း သိရသည်။

“ဆေးရုံမှာက Positive လူနာ မရှိတော့ဘူး။ ခုလက်ရှိ ပိုးတွေ့လူနာ တစ်ယောက်ကျန်တယ်။ သူကလည်း Negative ဖြစ်ပြီ။ သူ့ကိုလည်း ၁၄ ရက်စောင့်ကြည့်ပြီး ဆေးရုံက ဆင်းခွင့်ရမယ်။” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး တွေ့ရှိပြီး ၂ ဦး ဆေးရုံမှ ဆင်းခွင့် ရကာ ကျန်တဦးသည် Negative ဖြစ်ပေမယ့် ဆေးရုံမှ ၁၄ ရက် စောင့်ကြည့်ထားခြင်း ဖြစ်သည်။ကျိုင်းတုံပြည်သူ့ဆေးရုံမှာ သံသယ လူနာ ၈ ဦး ရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၃၆ ဦး ရှိပြီး ပြန်လည်သက်သာလာသူ ၁၄၈ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိသည်။သျှမ်းပြည်နယ်တွင် အတည်ပြု လူနာ ၂ ဦး ရှိသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံမှာ အတည်ပြု လူနာ တစ်ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံမှာ အတည်ပြု လူနာ တစ်ဦး ရှိသည်။

Most read this week

Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...
December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...