ဒီမော့ဆိုတွင် ပြောင်းခင်းများ ပိုးကျပျက်စီး

ဒီမော့ဆိုတွင် ပြောင်းခင်းများ ပိုးကျပျက်စီး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးဆူလဲ ကျေးရွာ ဒေသခံများ ဧက ၅၀၀ ခန့် စိုက် ပျိုးထားသည့်ပြောင်းစိုက်ခင်းတွေ ပိုးကျပြီး ပျက်စီး ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည်။

ပြောင်းခင်းများတွင် ငမြှောင်တောင်ပိုးကျမှုကြောင့် ပြောင်းခင်းတွေ ဖျက်ဆီးခံနေရတာ ၂ နှစ် ဆက်တိုက်ရှိပြီး ဖြစ်တယ်လို့ သေးဆူလဲ ကျေးရွာအတွင်းရေးမှူးနှင့် ပြောင်းစိုက် တောင်သူ ဦးညားရယ်က ပြောသည်။  

“ပိုး အကျများတာက နှစ်နှစ် ရှိပြီပေါ့နော်။  ပြီးခဲ့တဲ့ တစ်နှစ်က တော်တော်ကျတယ်။ တချို့ ဆေး( ပိုးသတ်ဆေး ) နိုင်တဲ့ တောင်သူတွေကတော့ နိုင်တယ်။ ဆေးက သုံးလေး ခေါက်  ဖြန်း ရတာပေါ့နော်။  မတတ်နိုင်တဲ့ သူတွေ ကတော့ အရှုံးခံရတာပေါ့။ အထွက်နှုန်းက  ထက်ဝက်လောက် ကျတယ်” လို့ ပြောသည်။  

သူက ဆက်ပြီးတော့ ယခင် ပြောင်း တစ်ဧကကို ၂၅ ပိဿာဝင် အိတ် ၁၂၀ ထွက်ရှိရာကနေ ယခုအခါ အိတ် ၈၀ အောက်သာ ရရှိပြီး ပြောင်းဈေးကျတဲ့ အတွက်ကြောင့် တွက်ချေမ ကိုက်ဘူးလို့ ဆိုသည်။

“ခါတိုင်း ဈေးကောင်းတဲ့ နှစ်ဆိုရင် ၄၀၀-၄၄၀ရောင်းရတယ်။ အစိုပေါ့နော်။ အခုကျတော့ အရင်နှစ်လို  ၃၅၀ တောင် မရတော့ဘူး။ အရှုံးပေါ်ကြတယ် ”လို့ ဆိုသည်။

ပြောင်းစိုက် တောင်သူတွေ အဆိုအရ  ပြောင်းပင်များကို ပိုးတွေ ဖျက်ဆီးတဲ့ အပြင် မိုး ခေါင်တာနဲ့ ကြုံတဲ့ အခါမှာ တောင် သူတွေ နှစ်ခါ ပြန်စိုက်ရတာတွေ ရှိကြောင်း သိရသည်။ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ သေးဆူလဲ ကျေးရွာ ဒေသခံများက ပြောင်းကို အဓိက စိုက် ပျိုး နေတာကို မြင်တွေ့ရသည်။

ပြောင်းစိုက်ခင်းတွေ ပိုးကျတာနဲ့ ပတ်သက်ပြီး တောင်သူတွေကို သဘာဝ ပိုးသတ်ဆေး ဖော်စပ်တဲ့ နည်းပညာနဲ့ ပိုးသက်သာအောင် လုပ်တဲ့ နည်းပညာတွေ ကူညီဆောင်ရွက် ပေးနေတယ်လို့  ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေး ဦး စီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ် ရိုးစ်ဖူးထေးမြာက ပြောပါတယ်။

“အခု ကိုဗစ်ကြောင့် လူစုလူဝေး မလုပ်ရဘူး ဆိုတော့ အခုတောင်သူပညာပေးတာ မ လုပ်ဖြစ်သေးဘူးပေါ့။ လုပ် ဖို့တော့ အစီအစဉ်ရှိတယ်” လို့ ဆိုသည်။

ဒေါ် ရိုးစ်ဖူးထေးမြာရဲ့ ပြောပြချက်အရ ငမြှောင်တောင်ပိုးဟာ စိုက်ခင်းများကို ဖျက်ဆီး နိုင်စွမ်း အမြင့်ဆုံး ဖျက် ပိုးများ ဖြစ်ပြီး တစ်ညလျှင် မိုင်(၆၀)ကျော် ပျံသန်းနိုင်သကဲ့သို့ အမ တစ်ကောင်လျှင် ဥပေါင်း (၁၀၀)မှ (၁၅၀) ကျော်အထိ ဉချနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...