သံတွဲ ကိုဗစ်လူနာဆေးစစ်ချက် နောက်ထပ်တစ်ကြိမ် Positive တွေ့

သံတွဲ ကိုဗစ်လူနာဆေးစစ်ချက် နောက်ထပ်တစ်ကြိမ် Positive တွေ့

မျိုးမြင့်ဇော် — ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ COVID-19 ပိုးတွေ့ရှိသူ၏ဆေးစစ်ချက်တွင် ပထမအကြိမ် ပိုးမတွေ့ခဲ့သော်လည်း ဒုတိယအကြိမ်ဆေးစစ်ချက်အဖြေတွင် ပိုးပြန်လည်တွေ့ရှိရကြောင်း သံတွဲခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

အဆိုပါလူနာတွင် ပိုးတွေ့ရှိကြောင်း မေလ ၁၈ ရက်နေ့ ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် Quaratine Center မှ ဆေးရုံသီးသန့်ဆောင်သို့ ပြောင်းရွှေ့ထားခဲ့သည်။

ယင်းနောက် မေလ ၃၀ ရက်ကနေ့တွင် ၎င်း၏ ဓာတ်ခွဲနမူနာကိုပေးပို့စစ်ဆေးခဲ့ရာ Negative အဖြေရရှိခဲ့ သော်လည်း ဇွန်လ ၂ ရက်နေ့ ဓာတ်ခွဲနမူနာကို ထပ်မံပေးပို့စစ်ဆေးရာတွင် Positive အဖြေထွက်ရှိခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာထွန်းထွန်းဝင်းက ဆိုသည်။

“ပိုးပြန်တွေ့တယ်၊ ဒါမျိုးကဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က Double Negative ဖြစ်မှ Quarantine ထားလို့ရ မှာ။ Double Negative မဖြစ်မချင်းကတော့ စစ်နေရမှာပါပဲ” ဟု ၎င်းကပြောသည်။

၎င်းပိုးတွေ့လူနာအား ပထမအကြိမ်ဆေးစစ်စဉ်က Nagative ပြခဲ့သဖြင့် ဒုတိယအကြိမ် ဆေးစစ်ချက်တွင် လည်း Nagative ပြပါက ဆေးရုံမှဆင်းခွင့်ပြုကာ Home Quarantine (၁၄) ရက်ဝင်စေမည်ဖြစ်သော်လည်း လက်ရှိမှာ ပိုးထပ်မံတွေ့ရှိသဖြင့် ၎င်းကို မူလအဆောင်၌ပင် သီးသန့်ထားရှိထားကြောင်း ဒေါက်တာ ထွန်းထွန်းဝင်းက ဆိုသည်။

လက်ရှိမှာ ပိုးတွေ့လူနာ၏ကျန်းမာရေးအခြေနေမှာ ကောင်းမွန်နေကြောင်းနှင့် နေထိုင်စားသောက်ရေးများ အဆင်ပြေစေရန် စီစဉ်ပေးထားကြောင်း သံတွဲခရိုင်ဆေးရုံအုပ်က ပြောကြားသည်။

ယခုသံတွဲမြို့ကပိုးတွေ့လူနာမှာ ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံမှပြန်လာသူဖြစ်ကာ သံတွဲ မြို့နယ်တွင် အသွားအလာကန့်သတ်ထားပြီး ဆေးစစ်ဆေးစဉ် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ သံတွဲမြို့နယ်တွင် Home Quarantine ဝင်ရောက်နေသူ လူဦးရေတစ်ရာဝန်းကျင်နှင့် Community Quarantine တွင် ကျား/မ ၉၀ ဦးရှိကာ Facility Quarantine တွင် ကျား/မ ၁၁ ဦးရှိကြောင်းသိရပြီး Quarantine ရက် ပြည့်မြောက်ပြီးထွက်သွားသူများလည်းရှိသဖြင့် စာရင်းအတိုးအလျှော့ရှိနိုင်ကြောင်း သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၄ ရက် နံနက် ၇ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ ရခိုင် ပြည်နယ်အတွင်းတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦးအထိ ရှိနေပြီဖြစ်သည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...