COVID-19 ကြောင့် ပြန်လည်လက်ခံရေးအစီအစဉ်များပိတ်ထားချိန် နေရပ်စွန့်ခွာသူ ၅ ဦး ဝင်ရောက်လာ

COVID-19 ကြောင့် ပြန်လည်လက်ခံရေးအစီအစဉ်များပိတ်ထားချိန် နေရပ်စွန့်ခွာသူ ၅ ဦး ဝင်ရောက်လာ

ကျော်မျိုးအောင် — မောင်တောဒေသရှိ ပြန်လည်လက်ခံရေးအစီအစဉ်များကို Covid-19 ကာလအတွင်းပိတ်ပင်ထားချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်စွန့်ခွာ မိသားစုဝင် ၅ ဦး ဝင်ရောက်လာကြောင်း မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“ကျွန်တော်တို့က ပြန်လည်လက်ခံရေးတွေပိတ်ထားတဲ့အချိန် သူတို့က ရတဲ့နည်းလမ်းနဲ့ဝင်လာတယ်။ သူတို့ကို လှဖိုးခေါင်စခန်းကိုပို့ထားတယ်။ ဒီဖက်ရောက်လာတော့ ကျနော်တို့က ဘာမှလုပ်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်၌ မောင်တောင်မြို့နယ် လှဖိုးခေါင်ယာယီခန်းတွင် ယင်းမိသားစုဝင်များအား Quanratine ထားရှိပြီး ဓါတ်ခွဲနမူနာဆေးစစ်ဆေးရန်အတွက် ဇွန်လ ၁ ရက်နေ့ကပို့ထားကြောင်း မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

၎င်းတို့ ၅ ဦးသည် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ ရှိထန်ခါလီဒုက္ခသည်စခန်းတွင်နေထိုင်ခဲ့ကြသူများဖြစ်ပြီး ဦးရှည်းကျ ကျေးရွာသို့ မေလ ၃၀ နေ့ နေ့လည် ၃ နာရီတွင်ရောက်ရှိလာကြခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“သူက ဦးရှည်းကျကျေးရွာကပါ။ ၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသွားကြတာ။ အခုအချိန်မှာ COVID-19 ရောဂါက ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ကူးစက်သေဆုံးမှုတွေရှိနေတော့ ရွာသူ၊ ရွာသားတွေကအလွန်စိုးရိမ်နေကြပါတယ်”ဟု ဦးရှည်းကျကျေးရွာအုပ်ချုပ်ရေးမှူး ဆီရာဆ်ဆလာမ်က ဆိုသည်။

အဆိုပါ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများမှာ နယ်မြေ(၄)လိပ်ရကျေးရွာနှင့် ဇီးပင်ချောင်း လမ်းကြောင်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လ ၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Covid-19 ရောဂါကူးစက်သူ ၅၅၁၄၀ ဦး၊ သေဆုံးသူ ၇၄၆ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၁၅၉၀ ဦးရှိကြောင်း Worldometers.info ၏ ထုတ်ပြန်ချက်အရသိရသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...