လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သည့် ကျောက်ဆိပ်ကျေးရွာသားတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရ

လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သည့် ကျောက်ဆိပ်ကျေးရွာသားတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရ

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် လက်နက်ကြီးကျရောက်ခဲ့မှုဖြစ်စဉ်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် အသက် ၁၇ နှစ်အရွယ် မောင်ကျော်စိုးဝင်းမှာ ဘယ်ဘက်ခြေထောက် တစ်ဖက် ဖြတ်လိုက်ရပြီး ညာဖက်ခြေထောက်တွင် အာရုံကြောထိမှန်သွားခဲ့ကြောင်း မိသားစုဝင်းများထံမှ သိရသည်။

ဧပြီလ ၁၃ ရက်နေ့က ကျောက်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသွားသူများထဲမှ အသက် ၁၇ နှစ်အရွယ် မောင်ကျော်စိုးဝင်းမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ဘယ်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်။ ညာခြေတောက်တွင် အာရုံကြော ထိမှန်သွားသဖြင့် ရန်ကုန်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ရသည်ဟု ဖခင်ဖြစ်သူ ဦးမောင်ဝင်းလှိုင်က ပြောသည်။

“စစ်တွေဆေးရုံမှာ ရက်ပေါင်း ၂၀ လောက်ကြာတဲ့အခါ ညာခြေတောက်က မသက်သာတဲ့အတွက်တဲ့ အရိုးကု ဆရာဝန်ကြီးက ရန်ကုန်သွားပြီးကုတာ အကောင်းဆုံးဖြစ်မယ်လို့ပြောလို့ ရန်ကုန်မှာပြတဲ့အခါ အာရုံကြော ထိသွားတယ်လို့ပြောတော့ သားအတွက်က စိတ်မကောင်းဖြစ်ရပါတယ်။ ကံလို့ပဲ ဆိုရတော့မယ်” ဟု ဖခင် ဖြစ်သူက ပြောသည်။

ယခုအခါ စစ်တွေမြို့သို့ ရောက်ရှိနေပြီး အလိုတော်ပြည့်ကျောင်းတိုက်တွင်နေထိုင်ကာ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင် ဦးရေ တစ်သိန်းခြောက်သောင်းလေးထောင်ကျော်နှင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများ လစဉ်တိုးလာနေသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...