ALP ပါတီဝင် ၃ ဦးဖမ်းဆီးခံရမှု အစိုးရတွင်တာဝန်ရှိကြောင်းပြော

ALP ပါတီဝင် ၃ ဦးဖမ်းဆီးခံရမှု အစိုးရတွင်တာဝန်ရှိကြောင်းပြော

အောင်ထိန် — ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ ALA )၏ အဖွဲ့ဝင် ၃ ဦးအား ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်၍ အစိုးရတွင်တာဝန်ရှိကြောင်း ALP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောသည်။

ALP/ALA တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့နှစ်ဦးသည် မေလ ၂၃ ရက်နေ့က ပေါက်တောမြို့နယ် ရဗက်ချိုင်ကျေးရွာရှိ ၎င်းတို့၏နေအိမ်၌ရှိနေစဉ် ရက္ခိုင့်တပ်တော်(AA)မှ အင်အား ၁၅ ဦး ခန့်လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ALP က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် အစိုးရတို့ Bilateral အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုသည့်အချိန်၌ အစိုးရ၏ အုပ်ချုပ်မှုနယ်မြေထဲတွင်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လုံခြုံရေးကိစ္စရပ်များကို တာဝန်ယူပေးမည်ဟု ပြောဆိုခဲ့သည့်အတွက် ယခုကိစ္စအပေါ် အစိုးရတွင်တာဝန်ရှိကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ဆိုသည်။

“အစိုးရပြောတာက သူတို့ရဲ့နယ်မြေထဲမှာ လွတ်လပ်လပ်နေလို့ရတယ်။ တစ်စုံတစ်ရာဖြစ်လာရင်လည်း သူတို့မှာ တာဝန်ရှိတယ်ဆိုပြီး ကျနော်တို့ကိုပြောထားတဲ့အတွက် ကျနော်တို့က ပြည်တွင်းထဲမှာလှုပ်ရှားမှုတွေကို ရပ်ဆိုင်း ထားတယ်။ အစိုးရက တာဝန်မယူပေးဘူးဆိုရင် ကျနော်တို့တပ်ဖွဲ့ဝင်တွေရဲ့ အသက်အိုးအိမ်အတွက် ကာကွယ် သွားမယ်”ဟု ၎င်းကဆက်၍ပြောသည်။

ထို့အပြင် မေလ ၃၁ ရက်နေ့တွင်လည်း တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာတွင်နေထိုင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီဝင် ခိုင်ဝင်းလှိုင်အား ရက္ခိုင့်တပ်တော်(AA)မှ ထပ်မံဖမ်းဆီးသွားကြောင်း (ALP)ပါတီ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယင်းသို့ တပ်ဖွဲ့ဝင်များဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ကြားခံတာဝန်ရှိသူများနှင့် ဆက်သွယ်ခဲ့ရာတွင် စစ်ဆေးမေးမြန်းရန်ရှိသည့်အတွက် ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးကို လွှတ်ပေးချိန်တန်မှ ပြန်လွှတ်ပေးမည်ဟုအကြောင်းပြန်ကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြကပြောသည်။

သို့သော် ခိုင်ဝင်းလှိုင်အား ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခြင်းမဟုတ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က Myanmar Now သတင်းဌာနသို့ ငြင်းဆိုထားပြီး ရဲဘော်ခိုင်မောင်ခင်ဝင်းနှင့် ရဲဘော်ခိုင်မောင်လုံးတို့ နှစ်ဦးကို ဖမ်းဆီးခြင်းပတ်သက်၍ AA မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့်ငြိမ်းချမ်းရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...