ရခိုင်အမျိုးသားနေ့အခမ်းအနား ယခုနှစ်တွင် မကျင်းပ

ရခိုင်အမျိုးသားနေ့အခမ်းအနား ယခုနှစ်တွင် မကျင်းပ
ဓါတ်ပုံ - စစ်တွေမြို့တွင်ကျင်းပခဲ့သည့် (၄)နှစ်မြောက် ရခိုင်အမျိုးသားနေ့
ဓါတ်ပုံ - စစ်တွေမြို့တွင်ကျင်းပခဲ့သည့် (၄)နှစ်မြောက် ရခိုင်အမျိုးသားနေ့

ခင်သရဖီဦး — ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များနှင့် နယ်မြေဒေသမတည်ငြိမ်ခြင်း၊ တရားဥပဒေ စိုးမိုးမှု လျော့နည်းနေခြင်းတို့ကြောင့် ယခုနှစ် ရခိုင်အမျိုးသားနေ့တွင် ပွဲမကျင်းပတော့ကြောင်း စစ်တွေမြို့နယ် ရခိုင် အမျိုးသားနေ့ကျင်းပရေးကော်မတီက ထုတ်ပြန်ကြေငြာထားသည်။

ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်က “အဓိကမကျင်းပတာက တိုက်ပွဲတွေကြောင့် လုံခြုံရေးလည်း လျော့နည်းမယ်။ ကျင်းပရေးကော်မတီ အပေါ်မှာလည်း တာဝန်ကြီးမယ်။ အခုက တရားဥပဒေစိုးမိုးရေးက အများကြီးကျဆင်းနေတဲ့ အနေအထားမှာရှိတယ်။ အဲဒါကြောင့် ကော်မတီအနေနဲ့ ကျင်းပလို့သင့်တော်မှာ မဟုတ်ဘူးဆိုပြီးတော့မလုပ်တာ”ဟု ပြောသည်။

ထို့ပြင် COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ဒေသတွင်း လူစုလူဝေးမပြုနိုင်ခြင်းကြောင့်လည်း ယခုပွဲကို မကျင်းပခြင်းဖြစ်ကြောင်း ၎င်းကဆက်၍ပြောသည်။

၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့တွင်ကျင်းပခဲ့သည့် ရခိုင်အမျိုးသားညီလာခံ၌ မဟာမုနိဘုရားကြီး စတင် သွန်းလုပ်ခဲ့သော ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားနေ့သည် ရခိုင်ပြည်သူများ၏စည်းလုံးညီညွတ်မှုကို ပြသသည့်နေ့တစ်နေ့ဖြစ်ကာ ယခု ၂၀၂၀ ခုနှစ်တွင်ကျရောက်သည့် (၇)ကြိမ်မြောက် ရခိုင်အမျိုးသားနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနား မပြုလုပ်နိုင်ခြင်းမှာ ရခိုင်ပြည်သူများအတွက် နစ်နာမှုတစ်ခုဖြစ်ကြောင်း ဦးစိုးနိုင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မကျင်းပနိုင်ခဲ့ပေ။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...