ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀ ဦးခန့်ရှိ

ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀ ဦးခန့်ရှိ

မင်းထွန်း — ရခိုင်ပြည်နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ ဇွန်လ ၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ (၄၈)ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

လက်ရှိအချိန်၌ စစ်တွေမြို့နယ်တွင် (၂၀)ဦးအထိ အများဆုံးဖြစ်ပွားနေကာ တောင်ကုတ် (၇)ဦး၊ သံတွဲ (၅)ဦး နှင့် ပုဏ္ဏားကျွန်း (၄)ဦးတို့အပါအဝင် တခြားမြို့နယ်တချို့တွင်လည်း အနည်းငယ်ဖြစ်ပွားမှုရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဇော်အောင်က ပြောသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအထဲတွင် အသက် (၁)နှစ် အောက်ကလေးများနှင့် အသက် (၅)နှစ်မှ (၉)နှစ်ကလေးများတွင် အဖြစ်များကြောင်း ယင်းဌာနမှ သိရသည်။

ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် မြို့နယ်အလိုက် လော်စပီကာ များဖြင့် အသိပညာပေးမှုများ၊ ဗီနိုင်းများဖြန့်ပေးမှုများ စသည့်အသိပညာပေးမှုများကို လုပ်ဆောင်နေကြောင်း သိရသည်။

“တစ်ယောက်တွေ့ပြီဆိုတာနဲ့ တွေ့တဲ့နေရာကိုသွားတယ်။ အဲဒီပတ်ဝန်းကျင်ကို ဆေးဖြန်းရတယ်။ ဆေးဖြန်း တာတွေ တခြားလိုအပ်တဲ့အရာတွေလုပ်တယ်။ သတင်းရရင်ရချင်း ဆေးရုံတင်တယ်။ အဲဒီပတ်ဝန်းကျင်ကို ဆေးဖြန်းတယ်။ အဲဒီလို မြန်မြန်လုပ်နိုင်တဲ့အတွက် ထိန်းနိုင်မယ်လို့တော့ ထင်တယ်”ဟု ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးရှိခဲ့ပြီး သေဆုံးသူဦးရေ ၈ ဦး ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...