အဝေးပြေးကားများ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်သော ကယားပြည်နယ်

အဝေးပြေးကားများ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်သော ကယားပြည်နယ်

ကိုဗစ်-၁၉ ကြောင့် နှစ်လတာ ရပ်နားထားခဲ့သော ကယားပြည်နယ်နှင့်ပြေးဆွဲနေသည့်  ခရီးသည်တင် အဝေးပြေး ယာဉ်လိုင်းများကို  တနင်္လာနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲ ခွင့်ပြုလိုက်ကြောင်း ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီ ရုံးအုပ် ဦးဝင်းမောင်က ပြောသည်။

“ဝန်ကြီးဆီသွားပြီးတော့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ကားလိုင်းတွေ ပိတ်ထားတာ ကြာလည်း ကြာပါပြီ။ ခရီး သွားတွေကလည်း လိုချင်တောင်းတ သွားချင်လာချင်တဲ့ စိတ်တွေ ရှိလာ တဲ့အတွက်၊ ဒါကြောင့် ယာဉ်လိုင်းကို ဘယ်လိုပြန် ဖွင့်ရမလဲ ဆိုတာကို စာရေး တင်ပြပြီးတော့ ပြန်ဖွင့်ဖို့ ဝန်ကြီးက ဇွန်လ ၁ရက်နေ့မှာ  ညွန်ကြားလာ တာ ဖြစ်တယ်” ဟု  ဦးဝင်းမောင်က ပြောသည်။  

သို့သော် ပြန်လည် ပြေးဆွဲမည့် ယာဉ်လိုက်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ် ထားသည့် စည်းကမ်းချက် လေးချက်နှင့် ကိုက်ညီမှု ရှိမှသာလျှင် ခွင့်ပြုမည်ဟု ကယားပြည်နယ်အစိုးရက ထုတ် ပြန်ထားသည်။

 

ယာဉ်များ အားလုံး ည ၁၂ နာရီ အချိန်မှ နံနက် ၄ နာရီ အချိန်အထိ ပြေးဆွဲခြင်း သို့မဟုတ် ပြည်နယ် အတွင်း ဝင် ရောက်ခြင်း မပြုရန်၊ ယာဉ်စီးခအား လက်ရှိ နှုန်း ထား၏ နှစ်ဆကောက်ခံနေရာမှ ၂၀၀၀ ကျပ်မှသည် ၅၀၀၀ ကျပ်အထိ လျော့ပေးရန် နှင့် ခရီးသည်အား တဝက်သာ တင်ဆောင်ရန်၊ အရေးကြီး ပို့ဆောင် ရန်ရှိသော ယာဉ်များ အားလုံး ကန့်သတ်ချိန်အတွင်း သွားလာလိုပါက ကယားပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြု ထောက်ခံချက် ရယူသွားလာရန် နှင့် စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိ မရှိကို ခရီးသည် သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှု့အဖွဲ့မှ စစ်ဆေးဆောင် ရွက်ပြီးမှသာလျှင် ထွက်ခွာခွင့်ပြုမည်ဟု ပါရှိသည်။

အစိုးရက အသစ်သတ်မှတ်ပေးလိုက်သော ဈေးနှုန်းအရ လွိုင်ကော်-ရန်ကုန် ရိုးရိုးတန်းခုံများအတွက် ကားလက်မှတ်ခမှာ၂၅,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး အထူးကားလက်မှတ်မှာ ၃၂,၀၀၀ ကျပ်ဖြစ်သည်။

ယာဉ်လိုင်းများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းမလိုက်နာလျှင် တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူမည် ဖြစ်ကြောင်းလည်း ပြည်နယ် အစိုးရရုံးက ထုတ်ပြန်ထားသည်။

 

ကယား ပြည်နယ်တွင် ယာဉ်လိုင်းပေါင်း ၆၈ လိုင်းရှိပြီး ယနေ့ ရန်ကုန်နှင့် တခြားသော တိုင်းနှင့် ပြည်နယ် များသို့ စတင် ပြေးဆွဲခွင့် ပေးထားသော်လည်း ခရီးသည်နှင့် ယာဉ်လိုင်းများ ပြေးဆွဲမှု နည်းနေတာကို တွေ့ရှိရသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...