၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေနေရာအားလုံး၌ ကျင်းပပေးရန် UNA တိုက်တွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေနေရာအားလုံး၌ ကျင်းပပေးရန် UNA တိုက်တွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ထားသည့် နိုဝင်ဘာလအတွင်း ကျင်းပမည်ဆိုပါက မဲဆန္ဒနယ် မြေအကုန်လုံးတွင် တပြေးညီကျင်းပပေးရန် စည်းလုံးညီညတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများက ဇွန်လ ၁ရက်တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် တိုက်တွန်း လိုက်သည်။

ထို့ပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက လွတ်လပ်မှု၊လွယ်ကူမှု၊ ပွင့်လင်းမှု၊ တရားမျှတမှု နှင့် ဥပဒေအရ တစ်နိုင်ငံလုံးတွင် တစ်နိုင်ငံလုံးတပြေးညီဖြစ်စေရေးနှင့် ရွေးကောက်ပွဲ ရွေ့ဆိုင်းမည်ဆိုပါက ရွေးကောက်ပွဲတွင် ပါဝင်မည့်ပါတီများနှင့် သဘောတူညီချက်ရယူရန်လည်း UNA က တိုက်တွန်းထားသည်။

“ရွေးကောက်ပွဲသာ ပုံမှန်အတိုင်းအဆိုရင် ၂၀၂၀ နိုဝင်ဘာလမှာလုပ်ရမယ်။ အဲဒီလိုကျင်းပနိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ မဲဆန္ဒနယ်မြေအကုန်လုံးကို တပြေးညီဖြစ်ချင်တယ်။ ကွက်ပြီးတော့ လုပ်တဲ့ဟာမျိုးမဖြစ်စေ ချင်ဘူး။ တစ်ချို့တချို့နေရာတွေကို ချန်ထားတာမျိုး အဲဒီလိုဟာမျိုးတွေ မဖြစ်စေချင်ဘူး။ ကော်မရှင်အနေနဲ့ ၊အစိုးရအနေနဲ့ရော၊တပ်ဖက်ရော အဲဒါလေးတွေကိုညှိနှိုင်းပြီးတော့ မဲဆန္ဒနယ်အကုန်လုံးမှာ တပြေးညီကျင်း ပစေချင်တယ်” ဟု စည်းလုံးညီညတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် မိတ်ဖက်အဖွဲ့အစည်း များ အတွင်းရေးမှူးအဖွဲ့ဝင်ဦးမျိုးကျော် မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း ပါတီကြီးတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ဇွန်လအတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က မေလ ၃၁ရက်တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မေလ၂၅ရက်အထိ တည်ဆဲမှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီ ရှိပြီး လက်ရှိဆက်သွယ်ဆောင်ရွက်နေသည့် ပါတီမှာ  ၉၄ ပါတီရှိကြောင်း ကြေညာထားသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...