ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှရုပ်သိမ်းပေးရန် အဆိုတင်

ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှရုပ်သိမ်းပေးရန် အဆိုတင်

အောင်ထိန်  — ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မှရုပ်သိမ်းပေးရန် ယနေ့(မေလ ၂၈ ရက်) ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

ဦးတီခွန်မြတ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာမဆောင်ရွက်နိုင်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး ကိုယ်စား ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်အနေနဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းစတဲ့ အချက် ၂ ချက်နဲ့ ငြိစွန်းနေတာကြောင့် တာဝန်ကနေရုပ်သိမ်းပေးဖို့ အဆိုတင်သွင်း ရတာဖြစ်တယ်” ဟု ဦးစိုင်းထွန်းစိန်က ယနေ့အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကျင်းပသည့်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ အရ အများပြည်သူနှင့်သက်ဆိုင်သော လောလောဆယ်အရေးကြီးကိစ္စဖြစ်သည့် အဆိုများကို ဆွေးနွေးရန်ခွင့်မပြုခြင်းတို့ကြောင့်လည်း ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှရုပ်သိမ်းပေးရန်အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၁၀ ဦး တို့မှတ်ရေးထိုးကာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌထံ မေလ ၂၇ ရက်နေ့က တင်ပြခဲ့သည်။

ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရပေးအပ်သည့် တာဝန်များကို ကျေပွန်စွာမဆောင်ရွက်ပါက ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ တာဝန်မှ ရုပ်သိမ်း နိုင်ကြောင်း ဖော်ပြပါရှိသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးတီခွန်မြတ် မရောက်သည့်အတွက် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်းမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းပေးရန်အဆိုနှင့်ပတ်သက်ပြီး မေလ ၂၉ ရက် နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...