မင်းပြားတွင် ဒေသခံတစ်ဦးကျည်ထိမှန်

မင်းပြားတွင် ဒေသခံတစ်ဦးကျည်ထိမှန်

ကျော်သူဌေ — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/ပုကွကျေးရွာမှ ဒေသခံတစ်ဦး မေလ ၂၇ ရက် ညနေ ၇ နာရီခန့်က ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း ဒေသခံများက DMG သို့ ပြောသည်။

င/ပုကွကျေးရွာမှ ကိုနေဖြိုး ၂၁ နှစ်သည် မင်းပြားမြို့ပေါ်မှ မိမိကျေးရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ် ခေါင်းလောင်းရွာဟောင်းအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း င/ပုကွကျေးရွာမှ ဦးသုခက ဆိုသည်။

“မင်းပြားကနေပြီးတော့ ညနေ(၇)နာရီလောက်က ဆိုင်ကယ်နဲ့ပြန်လာတဲ့အခါ ပစ်ခတ်ခံရတယ်လို့ ပြောပါတယ်။ ဒဏ်ရာကတော့ တင်ပါးမှာတစ်ချက်၊ ဒူးဆစ်မှာတစ်ချက်ရသွားတယ်”ဟု ၎င်းကပြောသည်။

ကိုနေဖြိုး ပစ်ခတ်ခံရသည့် ခေါင်းလောင်းရွာဟောင်း အဝေးပြေးကားဂိတ်အသစ် ဆောက်ထားသည့်နေရာတွင် တပ်မတော်စစ်ကြောင်းက ညအိပ်ရပ်နားရန် နေရာယူထားသဖြင့် အဆိုပါပစ်ခတ်မှုသည် တပ်မတော်မှ ပတ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ခေါင်းလောင်းရွာဟောင်းအနီးတွင် ဒေသခံတစ်ဦးပစ်ခတ်ခံရသည့်ဖြစ်စဉ်အား အတည်ပြုပြောဆိုသည်။

“သူက ညနေ ၇ နာရီလောက်မှာ ဆိုင်ကယ်နဲ့ မင်းပြားကနေပြီးတော့ ရွာကိုသွားတဲ့အခါ ခေါင်းလောင်းရွာဟောင်းနားအရောက်မှာ ပစ်ခတ်ခံရတာဖြစ်တယ်။ ကျေးရွာသားတွေပြောတာကတော့ အဲဒီရွာနားမှာ တပ်မတော်က ညအိပ်ဖို့အတွက် နေရာယူထားတာရှိတယ်လို့ပြောတယ်” ဟု ဦးလှသိန်းအောင်က ဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ပြောဆိုသည်။

ကျည်ထိမှန်သွားခဲ့သည့် ကိုနေဖြိုးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဒေသခံများ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့သဖြင့် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...