AA မှ ဖမ်းဆီးသွားသည့် ကျန်းမာရေးဝန်ထမ်းအား ပြန်လွှတ်ပေးရန်တောင်းဆို

AA မှ ဖမ်းဆီးသွားသည့် ကျန်းမာရေးဝန်ထမ်းအား ပြန်လွှတ်ပေးရန်တောင်းဆို

နှင်းနွယ် — ရက္ခိုင့်တပ်တော်(AA) မှ ဖမ်းဆီးထားသည့် ကျေးလက်ကျန်းမာရေးမှူးတစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ (UCH Alumni) မှ မေလ ၂၄ ရက်နေ့က တောင်းဆိုထားသည်။

ဖမ်းဆီးခံထားရသူမှာ ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၉ နှစ်အရွယ် ကျန်းမာရေးမှူး ကိုစိုးဝင်းသူဖြစ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် ကိုစိုးဝင်းသူအပါအဝင် ဆေးခန်းအစောင့်လင်မယားနှစ်ဦးနှင့် သမီးဖြစ်သူ စုစုပေါင်း ၄ ဦးတို့ကို ၎င်းတို့၏နေအိမ်၌ရှိနေစဉ် AA တပ်ဖွဲ့ဝင်များမှ လာရောက်ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီးခဲ့သည့်နေ့ ညနေ ၅ နာရီခန့်တွင် ဆေးခန်းအစောင့်လင်မယား၏ သမီးဖြစ်သူကို ပြန်လွှတ်ပေး ခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ဆေးခန်းအစောင့်လင်မယားနှစ်ဦးကို လွှတ်ပေးခဲ့ကြောင်းသိရသည်။

သို့ရာတွင် ကျန်းမာရေးမှူး ကိုစိုးဝင်းသူ ဖမ်းဆီးခံရသည်မှာ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၁၀ ရက်ခန့် ကြာမြင့် လာကာ ယနေ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ယင်းသို့ ကျေးလက်နေပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုစိုးဝင်းသူအား AA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းအပေါ် များစွာစိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းအားအမြန်ဆုံး ပြန်လွှတ်ပေးပေးရန်လည်း အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့မှ သဘောထား ထုတ်ပြန် တောင်းဆိုထားသည်။

ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်မေးမြန်းသတင်းရေးသားသည့် သတင်းသမား များကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူမှုများ ရှိနေသဖြင့် ယခုကဲ့သို့ ကျေးလက် ကျန်းမာရေးမှူးတစ်ဦးအား ဖမ်းဆီးထားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး AA ကို ဆက်သွယ်မေးမြန်းရန် DMG အနေဖြင့် အခက်အခဲရှိနေသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...