မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးနှင့် အလုပ်အကိုင်ဖော်ဆောင်ရေး IFC နှင့် ဟိုတယ်ခရီး လက်မှတ်ရေးထိုး

မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးနှင့် အလုပ်အကိုင်ဖော်ဆောင်ရေး IFC နှင့် ဟိုတယ်ခရီး လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်မှုကို အကန့်အသတ်ဖြစ်စေသည့်  စည်းမျဉ်းများနှင့် လုပ်ထုံး လုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် ခရီးသွားလုပ်ငန်းက အမျိုးသမီးများ အတွက် အလုပ်အကိုင်များဖန်တီး နိုင်ရေး မဟာဗျူဟာ ရေးဆွဲရေး အတွက် ပံ့ပိုးမှုတို့လုပ်ပေးရန် ကမ္ဘာဘဏ်အုပ်စုအဖွဲ့ဝင်ဖြစ်သော IFC နှင့် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ မေလ ၈ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ခရီးသွား ၃.၄ သန်းရှိခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ဖြစ်ပြီးနောက်ပိုင်း တိုင်းပြည်အတွင်း ခရီးသွားလုပ်ငန်း ရပ်တန့်နေသည်။

“အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးဖို့နဲ့ ဒေသတွင်း စီးပွားရေးတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ၊ အခွင့်အရေးအနေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အလားအလာကို မြှင့်တင်ဖို့ မျှော်လင့်ပါ တယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦး မောင်မောင်ကျော်က ပြောကြားသည်။

 

နိုင်ငံတကာတွင်လည်း ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်ခံထားရပြီး နေ့စဉ်အလုပ်အကိုင် တစ်သန်းကျော် ဆုံးရှုံးသည့်ဆီသို့ ဦးတည်သွားပြီး ဖြစ်သည်ဟု  ကမ္ဘာ့ခရီးသွားလုပ်ငန်း နှင့် ခရီးသွားလာရေး ကောင်စီ (WTTC) က ခန့်မှန်းထားသည်။  

“ခရီးသွားလာရေးနဲ့ ခရီးသွားလုပ်ငန်းအတွက် ပျမ်းမျှအနေနဲ့ သုံးတဲ့ တစ်ဒေါ်လာက စီးပွားရေးရလဒ်အနေနဲ့ သုံးဒေါ်လာ ထုတ်ပေးတယ်လို့ တွက်ချက်ခန့်မှန်းချက်တွေအရ ခရီးသွားလုပ်ငန်းဟာ ဖွံ့ဖြိုးကြီးထွားရေးနဲ့ အလုပ်အကိုင် ဖန်တီးရေး အတွက် အဓိကမောင်းနှင်အားတစ်ခု ဖြစ်နိုင်တယ်ဆိုတာ ကျွန်မတို့ သိပါတယ်” ဟု မြန်မာနိုင်ငံ IFC ရုံး၏  Acting Country Manager မစ် အာရှာနီ အယ်လစ်က ဆိုသည်။

“အနာဂတ် ခရီးသွားတွေရဲ့ သုံးစွဲမှုက မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းတွေ ကို တိုးတက်စေပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်တဲ့အလျောက် အခု ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အလားအလာတွေကို စနစ်တကျပြင်ဆင်စီမံဖို့ အရေးကြီးပါတယ်" ဟု ဆက်လက်ပြောကြားသည်။

IFC သည် ကမ္ဘာ့ဘဏ်၏ ညီနောင်အဖွဲ့အစည်းဖြစ်ပြီး ထွန်းသစ်စ ဈေးကွက်များရှိ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို လုပ်ကိုင်သည့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းကြီး ဖြစ်သည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...